ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း သီးထပ်သီးနှံစိုက်ပျိုးရေးနှင့်အတူ ငါးမျိုးစိုက်ထည့်မွေးမြူနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     ဇူလိုင် ၂           ကချင်ပြည်နယ်အတွင်းရှိ ဂေါက်သီးရိုက်သူများ၏7 th Tournament of Hold in One Group မှ ကြီးမှူးကျင်းပသည့် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁ ရက်က ကျင်းပပြုလုပ်ရာ ဖွင့်ပွဲ အခမ်းအနားကို နံနက် ၆ နာရီတွင် မြစ်ကြီးနားမြို့ Northen Star ဂေါက်ကလပ်၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မြစ်ကြီးနားဂေါက်ကလပ်နာယကတို့က မီးခိုးဘောလုံးအား ရိုက်၍ ဖွင့်လှစ်ပေးကြပြီး 7 th Tournament of…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားဘူတာရပ်ဝန်း သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ပန်းမြို့တော်စီမံကိန်းဖြင့် လမ်းဘေးဝဲ/ယာ အရိပ်ရအလှပန်းပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၁           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာ ယာလှပပြီး စနစ်ကျနေလူနေမှုပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရေးနှင့် ရာသီအလိုက် ပန်းအလှ ပင်များဖြင့် ဝေဆာစိမ်းလန်းစိုပြေနေစေရေးအတွက် လုပ်ငန်းစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိ ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၁ ရက် နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ဘူတာ ရပ်ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။           ထို့သို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် မြစ်ကြီးနား မီးရထားဘူတာဧရိယာနှင့် ဝန်ထမ်းအိမ်ရာများဝင်းများအတွင်း ကျူးကျော်နေအိမ်များအား ဖယ်ရှား ရှင်းလင်းပြီး သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလပ်စတစ်အမှိုက်များ ကောက်ယူသိမ်း ဆည်းခြင်း၊ စက်ယန္တားယာဉ်များဖြင့် ရှင်းလင်းဆောင်ရွက်ခြင်းများကို မြန်မာ့မီးရထားဝန်ထမ်းများ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး MoA စာချုပ်မူကြမ်းပါ အချက်များအား တာဝန်ရှိသူများနှင့် လုပ်ငန်း ညှိနှိုင်းဆွေးနွေး၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများတွင် ဝါးစိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူအစုအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၆           ကချင်ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်းချုံးခရိုင်နှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ပိုမိုခိုင်မာအားကောင်းလာစေပြီး ရေရှည်အတွက် လွယ်ကူလျှင်မြန်စွာဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၆ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကံပိုင်တည် စီးပွားရေးနယ်မြေတည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာစီမံကိန်းနှင့် ပတ်သက်၍ MoA  ရေးထိုးနိုင်ရေးအတွက် စာချုပ် မူကြမ်းပါအချက်များအား တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။            ထို့သို့ဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆွေးနွေးမှု အားကောင်းလာသည်နှင့်အမျှ ပိုမိုအားကောင်း ခိုင်မာ လာသည့် လုပ်ငန်းစီမံကိန်းတစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် နှစ်ရှည် စီမံကိန်း ဖြစ်သည့်အတွက် လက်တွေ့တွေ့ကျကျဖြင့် ရေရှည်အကျိုးဖြစ်ထွန်းနိုင်မှုကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း (၆)ခုမှ ၎င်းတို့၏ နေရပ်ကျေးရွာများသို့ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စု (၁၀၀) ကျော်အတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဧပြီ ၆           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာယာယီခိုလှုံရာစခန်းနေ ပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၆ ရက် နံနက် ၈ နာရီခွဲက ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း ၆ ခုမှ ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု (၁၀၀)ကျော်တို့အား  မိုင်းနားကျေးရွာရှိ မိုင်းနား KBC ဖွံ့ဖြိုးရေးခြံ IDPs စခန်း၌   အခြေခံစားသောက် ကုန်နှင့် ထောက်ပံ့ပစ္စည်းများကို ဌာနဆိုင်ရာများနှင့် သွားရောက်ထောက်ပံ့ပေးအပ်ကြသည်။           ထိုသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က (၁၀)စုနှစ်ကြာ နေရပ်စွန့် ခွာတိမ်းရှောင်နေထိုင်ခဲ့ကြသည့် ပြည်သူများအနေဖြင့် ယနေ့ နေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ ပြောင်းနေထိုင်ကြမည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် လတ်တလော…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်း အမှတ် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ မဟာသင်္ကြန်အခါသမယ ဝန်ထမ်းမိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း(၃၆၇)ဦးတို့အတွက် သိန်း ၃၀၀ ကျော် တန်ဖိုးရှိ အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေများ ပေးအပ်

မြစ်ကြီးနား     ဧပြီ ၅           ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်ဖွဲ့နေ့ အထိမ်းအမှတ် မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ ပိုမို တိုးတက်မြင့်မားလာစေရေး ရည်ရွယ်၍ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မီးငြှိမ်း သတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၅ ရက် နံနက် ၉ နာရီက ပြည်နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ကာလ တွင် မြို့ကြီးများအလိုက် စီးပွားရေးနှင့် စက်မှု/ လက်မှုလုပ်ငန်းများ၊ အထပ်မြင့်အဆောက်အဦများ ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် မီးဘေးအပြင် အခြားသော သဘာဝဘေး အန္တရာယ်များကို ရင်ဆိုင်လာရသည့်အတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်အတွင်း တည်ထားကိုးကွယ်သော ဇိနမာရ်အောင်အလိုတော်ပြည့်စေတီတော် ရွှေထီးတော်အထွဋ်တင်လှူပူဇော်ပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဧပြီ ၄           ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ ဓမ္မရံသီကျောင်းတိုက် ကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်တော်မူသော ဇိနမာရ်အောင် အလိုတော်ပြည့်စေတီတော် ရွှေထီးတော်အထွဋ် တင်လှူပူဇော်ပွဲ အခမ်းအနားကို ဧပြီ ၄ ရက် နံနက် ၇ နာရီခွဲက အဆိုပါ ကျောင်းဝင်းအတွင်း၌ ကျင်း ပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ပူဇော်သည်။           ရှေးဦးစွာ ရွှေထီးတော်၊ ငှက်မျက်နားတော်၊ ရွှေကြုတ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကိုကျင်းပရာအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဦးစီးပဓာနနာယက၊ ပြည်နယ်သံဃနာယကအဖွဲ့ အကျိုးဆောင် ဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော် ၊ သံဃာတော်ထံမှ ပြည် နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့်၎င်းတို့ဇနီးများ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကံပိုင်တည် စီးပွားရေးနယ်မြေစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ စီမံကိန်းဆိုင်ရာ MoA စာချုပ်မူကြမ်းပါ အချက်များအား တာဝန်ရှိသူများနှင့် သုံးသပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၃            ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်သည့် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကံပိုင်တည်နယ်စပ်မှ တစ်ဆင့် နှစ်နိုင်ငံ ကုန်စည်စီးဆင်း မှုများ ပိုမိုအားကောင်းခိုင်မာလာစေရေးအတွက် ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်းနှင့်စပ်လျဉ်း၍ MoA စာချုပ်မူကြမ်းပါ အချက်များအပေါ် မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့် စီမံကိန်းလုပ်ငန်းဆောင် ရွက်မည့် မြန်မာဟိန်ရကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများနှင့် ဧပြီ ၃ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။           အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်တက်ရေး နှင့် မြန်မာ-တရုတ်နှစ်နိုင်ငံကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်ရေးအတွက် ကံပိုင်တည် စီးပွားရေး နယ်မြေစီမံကိန်း အကောင်အထည်ဖော်ရေးသည် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် MoA စာချုပ်ကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေ သော သံဃာတော်များအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း၊ ၂၀၂၃ ခုနှစ် ကချင်ပြည်နယ် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေး

မြစ်ကြီးနား     ဧပြီ ၂           ၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ် ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ပြည်နယ်အတွင်းရှိ စာဖြေဌာနအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်၌ ဖြေဆိုနေသော သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁ ရက် မွန်းလွဲပိုင်းက သွားရောက် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။           ထို့သို့ ဆက်ကပ်လှူဒါန်းရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သည် မြစ်ကြီးနားစာဖြေဌာန၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုနေသော သံဃာတော် အပါး ၁၁ပါး နှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေသော သံဃာတော် ၁၁ ပါးတို့ကို ဝန်းသိုကျောင်းတိုက်ဆရာတော်…

Read More

မြစ်ကြီးနားမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အငြိမ်းစားသက်ကြီး ဆရာ/ဆရာမကြီးများအား ၁၉၆၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်းမှ ကျောင်းသား/ ကျောင်းသူဟောင်း များက ဆဌမအကြိမ် အာစရိယပူဇော်ပွဲကျင်းပဂါဝရပြု

မြစ်ကြီးနား     ဧပြီ ၁           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ၁၉၆၈ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ တက်ရောက်ပညာသင်ကြားခဲ့ကြသော ကျောင်းသား/ ကျောင်းသူဟောင်းများ၏ ဆဋ္ဌမအကြိမ်မြောက် အငြိမ်းစားသက်ကြီးဆရာ/ဆရာမကြီးများအား အာစရိယပူဇော်ပွဲ အခမ်းအနား ကို ဧပြီ ၁ ရက် နံနက် ၉ နာရီက အဆိုပါကျောင်း နိုင်ငံ့ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားသို့ ကျောင်းသားဟောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ကျောင်းသား/ကျောင်းသူဟောင်းများ တက်ရောက်ခဲ့ပြီး ရှေးဦးစွာ အသက်(၇၀)နှစ် နှင့်အထက် ဆရာကြီး/ ဆရာမကြီးများနှင့် အသက် (၇၀)နှစ်အောက် ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန့်တော့ခဲ့ကြပြီး ကျောင်းသားဟောင်းများက မြတ်ဆရာသီချင်းဖြင့် ဂါဝရပြုသီဆိုဖျော်ဖြေခဲ့ ကြသည်။           ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နယ်အတွင်းရှိ တပ်ကုန်းနှင့် နန်းကွေ့ IDPs စခန်းများမှ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် ပြည်သူများအား သွားရောက်ထောက်ပံ့၊ မြစ်ကြီးနားတက္ကသိုလ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မတ် ၃၁           ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများ ယာယီခိုလှုံရာစခန်း များဖြစ်သည့် တပ်ကုန်းနှင့် နန်းကွေ့စိန်ယောဟန် IDPs စခန်းများမှ အိမ်ထောင်စုများသည် ၎င်းတို့၏ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့အခြေချနေထိုင်ကြမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ အဆိုပါ အိမ်ထောင်စုများအား မတ် ၃၁ ရက် နံနက် ၇ နာရီခွဲက တပ်ကုန်းနှစ်ခြင်းIDPs စခန်း၌ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။           ရှေးဦးစွာ မူလနေရပ်ကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်ကြမည့် IDPs စခန်း (၂)ခုမှ အိမ်ထောင်စုများ၊ စခန်းတာဝန်ခံများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေ ဖြင့် နေရပ်စွန့်ခွာပြည်သူများ ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ နေရပ်ကျေးရွာ များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် မိသားစုများအတွက်…

Read More