ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြစ်ကြီးနားမြို့၌ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံသစ်ဖွင့်ပွဲများ နှင့် အာရှဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြုဖူဆယ်နည်းပြသင်တန်းဆင်းပွဲသို့ တက်ရောက်
မြစ်ကြီးနား မတ် ၁၉ ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြစ်ကြီးနားမြို့၌ ဂေါက်သီးရိုက် ပြိုင်ပွဲ ၊ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံသစ်ဖွင့်ပွဲများကို မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားများသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။ ရှေးဦးစွာ မတ် ၁၈ ရက် နံနက် ၆ နာရီခွဲက (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို Northern Star ဂေါက်ကလပ်၌ ကျင်းပပြုလုပ်ရာ ဂေါက်သီးရိုက်ပြိုင်ပွဲ စတင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်…