
(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ရိုးရာမနောအက၊ ဒေသထွက် ထုတ်ကုန်ပစ္စည်းပြခန်း၊ ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်
မြစ်ကြီးနား ဒီဇင်ဘာ ၂၁ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာတွင် ရိုးရာမနောအက၊ ဒေသထွက်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပြခန်းများ၊ သစ်သီးဝလံပြပွဲပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီတွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းမှ သိရသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်နေ့ အခမ်းအနား ဖြစ်မြောက်ရေးအတွက် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ မနောပွဲကျင်းပရေးဆပ်ကော်မတီ၊ ပြခန်းဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်ပြီး (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်း ပင်မအဆောင်ရှေ့မျက်ခင်းပြင်၌ ကျင်းပပြုလုပ်နိုင်ရေး မနောတိုင်၊ မနောကွင်း…