
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကုန်ဈေးနှုန်းများ တည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး၊ (၂၉)ကြိမ်မြောက် အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသသနာတော်ရွတ်ဆိုပူဇော်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်
မြစ်ကြီးနား ဒီဇင်ဘာ ၁၁ ကချင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်များအပါအဝင် စက်သုံးဆီဈေးနှုန်းများ တည် ငြိမ်ရေးအတွက် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အနေဖြင့် ဒေသတွင်းဆန်ရိက္ခာ ဖူလုံသော် လည်း စားဆီဖူလုံရေး၊ သား၊ ငါး မွေးမြူထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အများပြည်သူ နေ့စဉ်ပုံမှန် သုံးစွဲလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများနှင့် စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်ရေး၊ သာမန်ထက်မြင့် တက်လာမှုမရှိစေရေး ယနေ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေး အစည်းအဝေး ဆွေးနွေးမှုများအပေါ် လက်တွေ့အကောင်အထည်ဖော်ရေး အလေးအနက် ကြိုးစားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာ…