
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်မည့် ဌာနဆိုင်ရာအဖွဲ့အစည်းများအား တွေ့ဆုံ မှာကြားပြီး ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးတက်ရောက်
မြစ်ကြီးနား ဇွန် ၇ ကချင်ပြည်နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်ထောင်စု/ ပြည်နယ်ဘဏ္ဍာ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွား မည့် ဌာနဆိုင်အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ဇွန် ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာ ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည့် ဌာနဆိုင် ရာအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများကို သုံးစွဲသည့်အခါ အလေအလွင့် မဖြစ်စေရေး သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်သူများအတွက် အကျိုးရှိသော လုပ်ငန်းများဖြစ်စေရေး ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများ…