ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက် အမှာစကားပြောကြားပြီး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကနဦး အကောင်အထည်‌ဖော် ဆောင်ရွက်သွားမည့် သရုပ်ပြမျိုးထိန်းမျိုးဖြန့်ခြံတည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက် အမှာစကားပြောကြားပြီး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကနဦး အကောင်အထည်‌ဖော် ဆောင်ရွက်သွားမည့် သရုပ်ပြမျိုးထိန်းမျိုးဖြန့်ခြံတည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇွန် ၅

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့က ပြည်နယ် ဥပဒေချုပ်ရုံး၌ ပြည်နယ်ဥပဒေချုပ် ဦးဆောင်၍ ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ် ဥပဒေအရာရှိများအား ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနား သို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။

          ညှိနှိုူင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိကြီးများ အနေဖြင့် ပြည်နယ်၏ တရားစီရင်ရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေအရာရှိများသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံတော်၊ ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် တရားစွဲမှုနှင့် အမှုလိုက် လုပ်ငန်းကို ဥပဒေနှင့်အညီ တရားမျှတစွာ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့တာဝန်များကို ဥပဒေအပေါ်ရပ်တည်ပြီး ကျေပွန်စွာထမ်းဆောင်ရာတွင် ခံယူချက်မှန်ကန်စွာဖြင့် ကြိုးစားဆောင်ရွက် ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေအရာရှိများက တစ်ဦးချင်း မိတ်ဆက်ကြပြီး သက်ဆိုင်ရာမြို့နယ်အလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဥပဒေအရာရှိများနှင့် ညှိနှိုင်းပေါင်း စပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးက ပြည်နယ်ဥပဒေအရာရှိ၊ ပြည်နယ်ဒုတိယဥပဒေအရာရှိ၊ ခရိုင်/ မြို့နယ် ဥပဒေအရာရှိများနှင့်အတူ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ ဥပဒေအရာရှိများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှ လုပ်ငန်းလမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီများနှင့်အတူ မြစ်ကြီးနား မြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှပြည်နယ်အတွင်းမွေးမြူရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးလာစေရေး သရုပ်ပြမျိုးထိန်း မျိုးဖြန့်မွေးမြူရေးခြံအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကနဦး အစီအမံဖြစ်သည့် အသားစားနွားနှင့် ဆိတ်မွေးမြူရေးခြံများ တည်ဆောက်သွားမည့် အစီအစဉ်များ၊ တိရိစ္ဆာန်အစာ အဖြစ် နေဗီယာမြက်၊ စတိုင်လိုမြက်၊ မွန်ဘာဆာမြက်နှင့် ရိုစီမြက်မျိုးများ (၁၅)ဧက စမ်းသပ်စိုက်ပျိုး ထုတ်လုပ်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍  ပြည်နယ်ဦးစီးမှူးဒေါက်တာသန်းအေး၏ ရှင်းလင်း တင်ပြမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိရစ္ဆာန်အစာအဖြစ် စိုက်ပျိုးသွားမည့် မြက်မျိုးစေ့များနှင့် အသားစားနွား မွေးမြူရေးခြံနှင့် ဆိတ်မွေးမြူရေးခြံ တည်ဆောက်သွားမည့် မြေနေရာနှင့် စမ်းသပ်စိုက်ပျိုးထားသည့် နေဗီယာမြက်များ ရှင်သန်ဖြစ်ထွန်းမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်း ခန်းမ၌ ကျောင်းအုပ်ကြီး ဦးမျိုးသန့်၊ ဒုတိယကျောင်းအုပ်၊ လက်ထောက်ကထိက၊ နည်းပြဆရာ/ဆရာမများ၊ ပထမနှစ်၊ တတိယနှစ် ကျောင်းသား/ ကျောင်း သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အားပေးအမှာစကားပြောကြား ကြသည်။

ဆက်လက်၍ ကျောင်းလိုအပ်ချက်များ၊ ကျောင်းသား/ကျောင်းသူများ၏ လိုအပ်သည့် အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ ဖြည့်ဆည်းပေးနိုင်ရေး၊ သင်ကြား၊ သင်ယူမှု လုပ်ငန်းများ အဆင်ပြေ စေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။