ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့မဈေးနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့မဈေးနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၂

          ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် မြစ်ကြီးနားမြို့မဈေးနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုများ နှင့် ပတ်သက်၍  ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကွင်း ဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့မဈေး အမိုးပြု ပြင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဈေးဥပဓိရုပ်ကောင်းမွန်ရေး၊ မီး ဘေးအန္တရာယ်ကင်းရှင်း‌ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိရေး၊ ကိုဗစ်-၁၉ ရောဂါစည်း မျဉ်း၊ စည်းကမ်းများနှင့်အညီ ရောင်းဝယ်မှုပြုနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများမှ ဆောင် ရွက်လျက်ရှိသည့် မြို့တွင်းလမ်းများအား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် မှုများနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးသည် စည်ပင်သာယာဈေးလမ်း၊ ဇော်ဂျွန်းလမ်းမကြီးနှင့် မြို့သစ်ရပ်ကွက်အတွင်းရှိ သစ္စာလမ်းနှင့် စည်ပင်သာယာလမ်း၊ ဘုရင်နောင်လမ်းနှင့် ကမ်းနား လမ်းတို့အား လုပ်ငန်းဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး လမ်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးနှင့် သတ်မှတ်ချိန်ပြီးစီးရေး တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။