ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၁၄

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာရေး၊ သွားလာမှုလွယ်ကူလျင်မြန်ပြီး ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် စည်ပင်သာယာ ရေးအဖွဲ့မှ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၃ ရက် ညနေပိုင်း က ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ထိုသို့ကွင်းဆင်းစစ်‌ရေးရာ ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ ရာဒါကောင်းနယ်မြေအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင် ရွက်သွားမည့် တပ်ကုန်းရပ်ကွက် နယ်မြေ(၉)၊ ရာဒါကောင်းနယ်မြေ(၁၁)နှင့် ကြာရာပတ္တီးနယ်မြေ ခြင်းဆက် ဂျူဗလီလမ်း ပေ ၁၀၀၀ အား ကတ္တရာလမ်းအဖြစ် ခင်းကျင်းဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ရာဒါကောင်းနယ်မြေအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် နှစ်ခြင်းဘုရားကျောင်းအဝင် လမ်း ၃၄၀၀ ပေအား ကတ္တရာလမ်းခင်း ကျင်းဆောင်ရွက်နိုင်ရေး လမ်းချဲ့၍ အောက်ခံမြေသားခင်း ကြိတ်ခြင်းလုပ်ငန်းနှင့် ၂၄ပေ အရှည် ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်မည့် အစီ အမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ရှမ်းစုတောင်ရပ်ကွက်အတွင်း မန္တလေးကျောင်းတိုက် လမ်းမဘေး ဝဲ/ယာများတွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၂၁၈ သိန်းဖြင့် ဆောင်ရွက်ပြီးစီးသည့် ပေ ၈၀၀ အရှည် ကျောက်စီရေနှုတ်မြောင်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရှိရသည်။

ဆက်စပ်နေသော သတင်းများ