ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားတို့၏ တိမ်မြှုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းပြသနိုင်ရေး၊ သုတေသနပြုလုပ်နိုင်ရေး တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားတို့၏ တိမ်မြှုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းပြသနိုင်ရေး၊ သုတေသနပြုလုပ်နိုင်ရေး တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၁၄

          ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ တိမ်မြှုပ်ပျောက်ကွယ်လုနီးပါးဖြစ် နေသည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းပြသနိုင်ရေးနှင့် ဒြပ်ရှိ/ဒြပ်မဲ့ယဉ်ကျေး မှုအမွေအနှစ်များ သုတေသနပြုထိန်းသိမ်းနိုင်ရေးအတွက် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပြည်နယ်ယဉ်ကျေးမှုပြတိုက် အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

          ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားတို့၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်မြှင့်တင်ပေးနိုင်‌ရေး အားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ယဉ်ကျေးမှု ပြတိုက်နှင့် ချိတ်ဆက်ပေါင်းစပ်ပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ပြသရာတွင် လည်းကောင်း၊ သုတေသနပြုလုပ်ငန်း ဆောင်ရွက်ရာတွင်လည်းကောင်း ထိရောက်အကျိုးရှိစေရေး အတွက်  အကြံပြုဆွေးနွေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြစ်ကြီးနားဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ပြတိုက်၏ သမိုင်းအကျဉ်း၊ ပြတိုက်အတွင်း ရိုးရာ ယဉ်‌ကျေးမှုအမွေအနှစ်များ ခင်းကျင်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ယဉ်ကျေးမှုပြတိုက် တိုးချဲ့တည်ဆောက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာကြသည့် ကချင် မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ က ရိုးရာယဉ်ကျေးမှုူအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးအတွက် နည်းပညာလိုအပ်ချက်များ၊ တိမ်မြှုပ်လုနီးပါးရှိနေသော ရိုးရာယဉ်ကျေးမှုများ သုတေသနပြု ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ ပြတိုက်အတွင်း ခင်းကျင်းပြသထားမှုများအပေါ်  ဖြည့် ဆည်းပြသ‌‌ပေးလိုသည့်အချက်များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်တိုင်းရင်း သားရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တိုင်းရင်းသား စာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့ တာဝန်ရှိသူများသည် ပြတိုက်အတွင်း ခင်းကျင်းပြသထား သည့် တိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှု၊ စာပေ၊ လက်နက်ပစ္စည်း၊ ရိုးရာအိမ်နှင့် အသုံးအဆောင် ပစ္စည်းများ၊ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားရိုးရာပွဲတော်နှင့် တူရိယာပစ္စည်း များ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ကချင်ရိုးရာဓလေ့အခမ်းအနား ပြခန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

          အဆိုပါ ကချင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်ကို ၁၉၆၄ ခုနှစ်တွင် ကချင်ပြည်နယ်ဦးစီးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သမိုင်းယဉ်ကျေးမှုနှင့် ဓလေ့ဖြတ်ထုံးများ ဖော်ထုတ်မှတ်တမ်းတင်ရေးအဖွဲ့အဖြစ် စတင်ဖွဲ့စည်းကာ တစ်ချိန်တည်းတွင် ပြတိုက်အတွက် ရှေးဟောင်းပစ္စည်းများနှင့် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို စုဆောင်းပြီး ယခင်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရုံးဝင်းအတွင်း ဖွင့်လှစ်ခဲ့ရာမှ ယခု ပြတိုက်အဆောက်အဦကို ၁၉၈၂-၁၉၈၃ ခုနှစ်တွင် အလျား ၁၂၀ ပေ၊ အနံ ၈၀ ပေရှိ နှစ်ထပ် အဆောက်အုံအဖြစ် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့တွင် အများ ပြည်သူဗဟုသုတရရှိစေရန်နှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို လေ့လာ ကြည့်ရှုနိုင်ရန် ပြောင်းရွှေ့ဖွင့်လှစ်ပြသခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုပြတိုက်မှ သိရှိရသည်။