ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကျန်းမာရေးအဆင့်မြှင့်ကျောင်းများအဖြစ် စနစ်တကျပေါ်ထွန်းလာစေရေး ပြည်နယ်အဆင့်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကျန်းမာရေးအဆင့်မြှင့်ကျောင်းများအဖြစ် စနစ်တကျပေါ်ထွန်းလာစေရေး ပြည်နယ်အဆင့်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၃၀

          ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ကျန်းမာရေးအဆင့်မြှင့်ကျောင်း များအဖြစ် စနစ်တကျပေါ်ထွန်းလာစေရေး၊ ကျောင်းနှင့် ကျောင်းသား/ကျောင်းသူများ၊ ပညာရေး မိသားစုများ၏ ကျန်းမာရေးအဆင့်အတန်း အစဉ်အမြဲတိုးတက်မြှင့်မားစေရေးအတွက် ကျောင်းကျန်း မာရေးလုပ်ငန်းစဉ်များကို ဒေသလိုအပ်ချက်အပေါ် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် ပြည်နယ် အဆင့်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၃၀ ရက် နံနက် ၁၀ နာရီခွဲက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း က ပြည်နယ်ကျောင်းကျန်းမာရေးကော်မတီကို ပြန်လည်ဖွဲ့စည်းပြီး ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ် များ၏ ပါဝင်မှုဖြင့် ပညာသင်နှစ်အလိုက် ဦးစားပေးဆောင်ရွက်မည့် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ် များကို ဒေသလိုအပ်ချက်အပေါ်မူတည်၍ ဖော်ထုတ်ခြင်း၊ဆန်းစစ်ခြင်းနှင့် လုပ်ငန်းစဉ်များချမှတ်ခြင်း တို့ကို ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် နှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းများနှင့် ပေါင်းစပ်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း တိုက် တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်က ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုအပေါ် အားနည်းချက်/ အားသာချက်များကို ရှာဖွေ ဖော်ထုတ်ခဲ့မှုများ၊ ပြည်နယ်အဆင့်ကော်မတီပြင်ဆင်ဖွဲ့စည်းခဲ့မှုအခြေအနေများ၊ တာဝန်နှင့် ဝတ္တရား များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ခရိုင်/ မြို့နယ်များ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ဆန်းစစ်ကြီးကြပ် သွားရမည့်ကိစ္စရပ်များကိုရှင်းလင်းတင်ပြပြီး ပြည်နယ်ပညာရေးမှူးက ပညာသင်နှစ်အလိုက် ပူးပေါင်း ဆောင်ရွက်ခဲ့မှုများကို သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ပြည်နယ် ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနများအလိုက် ချိတ်ဆက်ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။