ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပပြီး ဆေးရုံကြီးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပပြီး ဆေးရုံကြီးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     ဧပြီ ၁၂

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၁၂ ရက် မွန်းလွဲ ၁နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားသည်။

          ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်အဆင့်ဌာနဆိုင်ရာများအ နေဖြင့် မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်များအတွင်း နယ်မြေကျော်လွန် ခရီးထွက်ခွာမည်ဆိုပါက သတင်းပို့သွားကြရေး၊ မိမိတို့ရုံးလုံခြုံရေးကို တာဝန်ချထားပြီး အထူးဂရုစိုက်ကြရေး၊ သင်္ကြန်ကာလ အပြီးတွင် စိတ်သစ်လူသစ်ဖြင့် လုပ်ငန်းများကို အားအင်အပြည့်ဖြင့် ပြန်လည်ဆောင်ရွက်ကြရေး၊ ရုံး၊ ဝန်ထမ်းအိမ်ရာ ဂရန်နှင့် မြေနေရာမရရှိသေးသည့် ရုံး၊ ဌာနများ၏ စာရင်းပြုစု၍ လုပ်ထုံးလုပ်နည်း နှင့်အညီ အမြန်လျှောက်ထားတင်ပြရေး၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်း များကို သတ်မှတ်ချိန်အတိုင်း ပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ကြရေးနှင့် နိုင်ငံတော်ဘဏ္ဍာငွေ သုံးစွဲရာတွင် ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဂရုပြုဆောင်ရွက်ကြရေးနှင့် အခြေ ခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် ပြည်သူများ၏ ကျန်းမာရေးအတွက် ဆေးရုံများ ဖွင့်လှစ်နိုင် ရေးကို အထူးကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် တာဝန်ယူစဉ်ကာလ အတွင်း ပြည်သူအကျိုးပြုလုပ်ငန်းများကို မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ရာ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့နှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက် တွန်းမှာကြားသည်။

          ယင်းနောက်ပြည်နယ်ကောင်စီအဖွဲ့ဝင်များက လုံခြုံ‌ရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လိုက်နာရမည့်ကိစ္စရပ်များ၊ ဘဏ္ဍာငွေထုတ်ယူခွင့်ပြုခြင်းနှင့်ပတ်သက် သည့်လုပ်ထုံးလုပ်နည်းများ၊ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းမှာကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက် လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ဌာနအလိုက် လုံခြုံရေး ဆိုင်ရာတာဝန်ချထားမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

          ထို့မှတစ်ဆင့် ညနေပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ဆေးရုံ အုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများနှင့်တွေ့ဆုံပြီး ပြည်နယ် ကောင်စီဥက္ကဋ္ဌက မိမိတို့အနေဖြင့် စိတ်ခံစားမှုအရ CDM လုပ်ဆောင်နေကြသည့် ဝန်ထမ်းများကို နားလည်ပေးနိုင်သော်လည်း ပြည်သူများ၏ ကျန်းမာရေးကို လစ်လျူရှုထား၍ မရနိုင်ပါကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးအတွက် ဆေးဝါးကုသမှုခံယူနိုင်ရေးသည် အရေးကြီးဆုံးဖြစ်သောကြောင့် ယခုလို ဆေးရုံကြီးတွင် တာဝန်ကျေပွန်စွာထမ်းဆောင်၍ ကုသပေးနေကြသည့် ဆရာဝန်၊ ဆရာမများ အားလေးစားဂုဏ်ယူပါကြောင်း၊ လိုအပ်သည်များကိုလည်း ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

          ထို့နောက် ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေတို့က ဆေးရုံကြီးအတွက် ပံပိုးထောက်ပံ့ငွေကျပ် ၅၃၀၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဆေးရုံကြီးတာဝန်ကျဝန်ထမ်းများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။