ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများအတွက် အိမ်တွင်းမှုအတတ်ပညာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများအတွက် အိမ်တွင်းမှုအတတ်ပညာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဧပြီ ၁၃

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေး နှင့် အသိပညာတိုးတက်မြင့်မားလာစေရေးအတွက် သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ဧပြီ ၁၃ ရက် နံနက် ၁၀ နာရီတွင် မေခခန်းမ၌ ဝန်ထမ်းများအတွက် အိမ်တွင်းမှုအတတ်ပညာသင်တန်း ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          သင်တန်းဖွင့်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ကောင်စီအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန် ကြားရေးမှူးနှင့် နည်းပြဆရာတို့ မိတ်ဆက်တွေ့ဆုံကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရာတွင် လိုအပ်သည့် အတတ်ပညာများကို စဉ်ဆက်မပြတ်သင်ယူလေ့လာဖို့လိုအပ်သည့်အပြင် မိမိတို့ဘဝအတွက် အတတ် ပညာများကိုလည်းသင်ကြားတတ်မြောက်ဖို့လိုကြောင်း၊ ယခုလိုကာလတွင်ဝန်ထမ်းများအတွက် ကြိုး စားသင်ယူခွင့်ရအောင်သင်ကြားပေးသည့် ဆရာ၊ ဆရာမများကိုကျေးဇူးတင်ပါကြောင်း အားပေးအမှာ စကားပြောကြားသည်။

          ယင်းနောက် ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များက သင်တန်းဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်လာကြသော သင်တန်းနည်းပြများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအား ပေးခဲ့ကြသည်။

          အဆိုပါသင်တန်းတွင် ဝန်ထမ်းများအား ဆပ်ပြာရည်အမျိုးမျိုးပြုလုပ်နည်း၊ Hand Gel ပြုလုပ် နည်းများကို (၃)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။