ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ (၇/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား     ဇူလိုင် ၃
          ကချင်ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးနှင့် တရားဝင် ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေးအတွက် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ (၇/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ပြည်နယ်အတွင်းရှိ စုပေါင်းစစ် ဆေးရေးဂိတ်များတွင် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေး ဥပဒေနှင့်အညီ စစ်ဆေး ဆောင်ရွက်ရာတွင် တရားမဝင်ငွေကြေးကောက်ခံမှုများ မဖြစ်ပေါ်စေရေး အလေးအနက်ထား ဆောင်ရွက် သွားကြရန်နှင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်လာမှုကို စစ်ဆေးတွေ့ရှိပါက ဥပဒေ၊ လုပ်ထုံး လုပ် နည်းနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြား သည်။
          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်နှင့် ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အဖွဲ့ဝင်များက တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးအတွက် ဆောင်ရွက် လျက်ရှိသည့် အစီအမံများ၊ ဗလမင်းထင်ပူးပေါင်းစစ်ဆေးရေးဂိတ်အား နေ့စဉ်အလှည့်ကျ ပုံမှန်စစ်ဆေး ဆောင်ရွက်နိုင်ရေး တွေ့ရှိချက်များကို ပြန်လည်တင်ပြရမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လုပ်ငန်းဆောင်ရွက်များနှင့် စပ်လျဉ်း၍ စစ်ဆေးဆောင်ရွက်မှု၊ စစ်ဆေးတွေ့ရှိချက်များကို အချိန်နှင့် တစ်ပြေးညီ တင်ပြကြရေး၊ ဥပဒေနှင့်အညီ မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။