ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးစခန်း(မြစ်ကြီးနား)၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းဆင်း

 ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးစခန်း(မြစ်ကြီးနား)၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းဆင်း

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၈

          ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးစခန်း (မြစ်ကြီးနား)၌ မူးယစ်ဆေးဖြတ်ပြီးသူများ အတွက် စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း(၂/၂၀၂၂)သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ လယ်ကုန်ရပ်ကွက်ရှိ အဆိုပါစခန်းသင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

          သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက သင်တန်းသားများအနေဖြင့် အမှားကိုသိပြီး အမှန်ပြုပြင်ခဲ့ကြသည့်သူများဖြစ်၍ အားငယ် စရာမလိုဘဲ ဘဝကို အကောင်းဆုံး နှင့် အခက်အခဲများကို ကျော်ဖြတ်နိုင်ပြီး အောင်မြင်မှုရရှိအောင် လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်းနှင့် မိမိတို့အနေဖြင့်လည်း တိုင်းပြည်၏ သားကောင်းများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ပစ်ပယ်မထားဘဲ လမ်းမှန်ပေါ်သို့ ပြန်လည် ပြုပြင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြစ်ကြီးနားစခန်းတာဝန်ခံက ဦးမုန်လင်းဂမ် က စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင် ရွက်ခဲ့ကြသော ဌာနဆိုင်ရာများအား ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား ၂၀ ဦးတို့ထံ ပေးအပ်ခဲ့ကြသည်။

          မြစ်ကြီးနား ပြန်လည်ထူထောင်ရေးစခန်း၏ ယခုသင်တန်းအမှတ် (၂/၂၀၂၂)ကို သင်တန်း သား ၂၀ ဦးတို့အား ၁.၁၂.၂၀၂၁ ရက်မှ ၂၈.၂.၂၀၂၂ ရက်နေ့အထိ သင်တန်းကာ ၃ လအတွင်း မူးယစ်ဆေးဖြတ်ပြီးသူ လူငယ်များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ခေတ်စနစ်နှင့် အညီ စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ  ပြောင်းလဲမှုများ တိုးတက်ကောင်းမွန်ရေး လေ့ကျင့် သင်ကြားပေးသည့်အပြင် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သက်မွေးပညာသင်တန်းများ ဖြစ်သည့် ဝါရိန်ဆက်သင်တန်း၊ အိမ်တွင်အခြေခံ လျှပ်စစ်ပြုပြင်မှုသင်တန်း၊ သီးနှံစိုက်ပျိုးရေး သင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်းနှင့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ ကြောင်း သိရှိရသည်။