ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် ပြည်နယ်/ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား   သြဂုတ် ၆

         ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် ပြည်နယ်/ ခရိုင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်အေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်အေးက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမျိုးမင်းဦးက လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များက လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲကာလ လုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲအလွန် လုပ်ငန်းစဉ်များတွင် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းအစီအစဉ်များ၊ ရွေးကောက်ပွဲဥပဒေနှင့် အညီ ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။