ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှုကို အားပေးကြည့်ရှုပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှုကို အားပေးကြည့်ရှုပြီး  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

မြစ်ကြီနား      ဧပြီ ၂၅

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့်အတူ ဧပြီ ၂၅ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၌ ရပ်ကွက်၊ ကျေးရွာအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှုများကို ကြည့်ရှု အားပေးခဲ့ကြသည်။

          ထိုသို့ ပမ္မတီးရပ်ကွက်နေပြည်သူများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ဝန်ထမ်း များက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းကူညီမှု ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးခြင်းကို ရပ်ကွက်နေပြည်သူအားလုံးကျန်ရှိမှု မရှိစေရေး စိစစ်ထိုးနှံပေးရန်လိုကြောင်း မှာကြားပြီး   ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်သို့ သွားရောက်ပြီး ဒုတိယပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ မေလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်နို်ငရေး စာသင်ခန်း များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပြင်ဆင် ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။

          ယင်းနောက် မြစ်ကြီးနားတက္ကသိုလ်အတွင်း ပါမောက္ခများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမ များနှင့် အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ၏ ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင် တန်းစာမေးပွဲအဖြေလွှာများစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေး ပြီး မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဆရာ၊ ဆရာများနှင့် တွေ့ဆုံကာ တက္ကသိုလ်အတွင်း သင်ကြားရေးလုပ်ငန်းများ အပြည့် အဝဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို မေးမြန်းဆွေးနွေး၍ ဆရာ/ ဆရာမများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၆ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ ၌ ကချင်ပြည်နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေး အပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နိုင်ငံပိုင် အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အနေဖြင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဝန်ကြီး ဌာန (၁၃)ခုတို့အတွက် ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ဒေသန္တရစီမံကိန်း၏ ကဏ္ဍအလိုက် စီမံကိန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည့် အဖွဲ့အစည်းများ၊ ဌာနဆို်ငရာများအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ ကို စီမံကိန်းရည်မှန်းချက်အတိုင်း ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြ စေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်  ပြည်နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့်  ပြည်နယ် အတွင်းရှိ ခရိုင် ၄ ခရိုင်မှ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌများဖြစ် သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများထံ တာဝန်ပေးအပ်သည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များပါ အကောင်အထည်ဖော်ရမည့် လုပ်ငန်းများ နှင့် ပတ်သက်၍ ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။