ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ဒိုင်သင်တန်းဆင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ဒိုင်သင်တန်းဆင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     ဇွန် ၂၄

          ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်)က ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် ၂၃ ရက် ညနေ ၄ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ် ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

          ရှေးဦးစွာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်) တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ ဝင်များ၏ ကြီးကြပ်မှုဖြင့် ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအဖြစ် သရဖူ၊ တကောင်ဘွား၊ ဟူးကောင်းကျား၊ စက်ရုံ၊ ကျားဖြူရိုးရာလက်ဝှေ့ကလပ်တို့မှ တွဲဆိုင်း(၅) ဆိုင်းဖြင့် ယှဉ်ပြိုင်ထိုးသတ် မှုကို အားပေးကြည့်ရှုခဲ့ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ် ဝန်ကြီးများက တွဲဆိုင်းအလိုက် ဆုတံဆိပ်များနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထို့နောက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းဆင်းလက်မှတ်များကို ဆက်လက်ပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်)နှင့် ကချင်ပြည်နယ်မြန်မာ့ရိုးရာလက်ဝှေ့ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ များနှင့် ဇွန် ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့ ဒိုင်သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား (၂၀)ဦးတို့အား သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ နောက်ဆုံးတွဲဆိုင်းအဖြစ် ဗဏ္ခ(ကျားဖြူ)နှင့် သပြေ ညို (စက်ရုံ)တို့ ယှဉ်ပြိုင်ထိုးသတ်မှုကို အားပေးကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကစားသမား များအား လက်ဆွဲဆုတံဆိပ်များနှင့် ပထမ၊ ဒုတိယဆုငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။