ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမ ဆောင်များနေ ကျောင်းသား/ ကျောင်းသူများအား တွေ့ဆုံအားပေးထောက်ပံ့

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမ ဆောင်များနေ ကျောင်းသား/ ကျောင်းသူများအား တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     ဇူလိုင် ၁၀

          ၂၀၁၉ -၂၀၂၀ ၊ ၂၀၂၁ – ၂၀၂၂ ၊  ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်များအတွက် မြစ်ကြီးနားတက္ကသိုလ်၌ ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမဆောင်များတွင် နေထိုင်၍ ပညာသင်ကြားလျက်ရှိ သော အဆောင်နေကျောင်းသား/ ကျောင်းသူများအား  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ဇူလိုင် ၉ ရက် ညနေ ၆ နာရီခွဲက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ခဲ့သည်။

          တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို တက္ကသိုလ်တွင် ပညာရပ်အသီးသီးကို သင်ယူ ဆည်းပူးနေစဉ်ကာလအတွင်း ကျောင်းဆောင်တွင် အတူနေထိုင်ခွင့်ရရှိပြီး အသိပညာ၊ အတတ်ပညာ အလိမ္မာများတိုးပွားအောင် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်း၊ ထို့အပြင် ပြည်နယ်နှင့် နိုင်ငံ၏ အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်ကြသည့်အခါ တွင်လည်း အဆောင်နေဘဝက ရရှိခဲ့သည့် တစ်ဦးကို တစ်ဦး စာနာထောက်ထားမှု၊ ရိုင်းပင်းကူညီမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ အတွေ့အကြုံများကို အသုံးချတတ်ရန် လိုအပ်ပါ ကြောင်း တိုက်တွန်းပြောကြားပြီး  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးက အားပေးအမှာစကားပြောကြားသည်။

          ဆက်လက်၍ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ကျောင်းသား/ ကျောင်းသူ များအား လမ်းညွှန်အမှာစကားပြောကြားပြီး တက္ကသိုလ်‌ကျောင်းသားဟောင်းတစ်ဦးက မိတ်ဆက် စကားပြောကြားကာ ပညာသင်နှစ်အလိုက် ကျောင်းသား/ ကျောင်းသူများက အချင်းချင်းကြိုဆို နှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကားများ အပြန်အလှန်ပြောကြားခဲ့ကြသည်။

          ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ဆွမ်ပရာဘွမ်၊ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမဆောင်များနေ ကျောင်းသား / ကျောင်းသူများအတွက် မတည်ရန်ပုံငွေအဖြစ် ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ် ၁၅ သိန်းနှင့် တိုင်းမှူးက ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဘူမိဗေဒပါမောက္ခ ဒေါက်တာ တင်ဇော်ဦးက ဖူဆယ်နှင့် ပိုက်ကျော်ခြင်း အားကစားထူးချွန်ဆုရကျောင်းသားနှင့် ဓာတုဗေဒတွဲဘက် ပါမောက္ခဒေါ်ခင်မလတ်က ကြက်တောင်နှင့် ဖူဆယ်အမျိုးသမီးအားကစားထူးချွန်ဆုရကျောင်းသူ များအား ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပညာသင်နှစ်အလိုက် ကျောင်း သား/ ကျောင်းသူများက တိုင်းရင်းသားရိုးရာ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက် မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး မောင်နှမဆောင်များနေ ကျောင်းသား/ကျောင်းသူများ၏ မိတ်ဆုံ ညစာအား အတူတကွသုံး‌ဆောင်ခဲ့ကြကြောင်း သိရှိရသည်။