ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စု (၆)စုတို့အား ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စု (၆)စုတို့အား ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၉

           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဂျာမိုင်ကောင်း ကတ်သလစ်အသင်းတော်နှင့် မန်ခိန်နှစ်ခြင်းအသင်းတော်များမှ နေရပ်စွန့်ခွာယာယီတိမ်းရှောင်စခန်းနေ အိမ်ထောင်စု (၆)စု၊ လူဦး ရေ ၃၉ ဦးတို့အား ၎င်းတို့ဆန္ဒအရ မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့နေရာချထား ပေးရာ ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီက ကျေးရွာဘက်စုံသုံးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမ၌ နေရပ်စွန့်ခွာယာယီတိမ်းရှောင်စခန်းနေ အိမ်ထောင်စုများ အား ပြောင်းရွှေ့နေရာချထားပေးခြင်းနှင့် ထောက်ပံ့ပေးအပ်ခြင်းအခမ်းနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အနေဖြင့် နေရပ်စွန့်ခွာစခန်းနေပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေး‌၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စီမံဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ယနေ့ ပြောင်းရွှေ့နေရာချထားပေးသည့် မိသားစုဝင်များအနေဖြင့် နေရာသစ်တွင် လိုအပ် ချက်များရှိနေမည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးကူညီထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း အားပေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးထွန်းက ကျေးရွာအတွင်း ပြောင်း ရွှေ့နေရာချထားပြီးစီးမှုနှင့် ဆက်လက်ရွှေ့ပြောင်းနိုင်ရေးအတွက် ဆန္ဒပြုလာသော အိမ်ထောင်စုများ ရွှေ့ပြောင်းနေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန် (၁)အိတ်စီဖြင့် ဆန်အိတ် (၆)အိတ်၊ ‌ခေါက်ဆွဲ ခြောက်ဖာများနှင့် ကြက်ဥများ၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ထောင်စု များအတွက် ဆန်ရိက္ခာ (၁)လစာဖိုးငွေကျပ် ၂၇၉၀၀၀၊ ပြောင်းရွှေ့စရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် ငွေကျပ်(၆)သိန်း၊ ကယ်ဆယ်ရေးပစ္စည်း (၂၁)မျိုးပါ ပုံးတစ်ပုံးစီဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃၅၃၀၀၀ နှင့် Face Shield (၂၀)ခု၊ လက်ဆေးရည်ဘူးများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဆေးစိမ်ခြင်ထောင်များ ၊ နှာခေါင်းစည်း Mask ၊ လက်ဆေးရည်နှင့် ဆေးဝါးပစ္စည်းများ၊ ပြည်နယ်ပညာရေးဦးစီးဌာနက ကျောင်းသားကလေးငယ်များအတွက် ကျောပိုးအိတ်နှင့် ကျောင်းသုံး ပစ္စည်းများ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မိသားစုနေအိမ်သုံး အမှိုက်ပုံး၊ ဆန်ပုံး၊ ထီး၊ Mask ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊  ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ အိမ်ထောင်စုသုံး တာပေါ်လင် (၁၂)ခု၊ Hygiene Kit (၆)ခု၊ Shelter Tools Kit (၆)ခု၊ Individual Hygiene Kit (၆)ခု၊   မြန်မာအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်‌ရေးအသင်း (MWCDF)မှ တာဝန်ရှိသူများက ဆန်(၆)အိတ်၊ ဆီ(၆)ပိသာနှင့်အခြေခံစားသောက်ကုန်များ၊ ကလေးကစားစရာအရုပ်များနှင့်အချိုရည် ဘူးများကို အသီးသီးထောက်ပံ့ပေးအပ်ကြသည်။

ယင်းနောက် ထောက်ပံ့ပေးအပ်မှုများအတွက် ကျေးရွာအုပ်အုပ်ချုပ်ရေးမှူးက ကျေးဇူးတင် စကားပြောကြားပြီး ကျေးရွာအတွက် လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ရွာလယ် လမ်းမ ကတ္တရာလမ်းအဖြစ် ခင်းကျင်းပေးနိုင်ရေး၊ မိုးရာသီရေဝပ်တင်ကျန်မှုမရှိစေရေး ရေနှုတ် မြောင်းများ ပြုပြင်တည်ဆောက်ပေးနိုင်ရေး၊ နေအိမ်များအတွက် အိမ်သုံးလျှပ်စစ်မီတာများချထား ပေးနိုင်‌ရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာအတွင်း ရေနှုတ်မြောင်း တိုးချဲ့ဆောင် ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြောင်းရွှေ့နေရာချထားပေးသည့် နေအိမ်မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ တပ်ကုန်း(အင်ဂျန်ဒုံ) ရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်း အဖြစ် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ နယ်မြေခံ တပ်မတော်သားများ စုပေါင်း၍ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ သိမ်းဆည်း ကောက်ယူခြင်း၊ ရေနှုတ်မြောင်းများ တူးဖော်ပေးခြင်း လုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး မုန့် ၊ ရေသန့်ဘူးများနှင့် မုန့်ဖိုးငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်း သိရှိရသည်။