ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME) လုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဖြည့်ဆည်းပေါင်းစပ်ပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME) လုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဖြည့်ဆည်းပေါင်းစပ်ပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၂၂

          ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ် ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များနှင့်  MSMEs စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စနစ်တကျဖြင့် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ MSMEs လုပ်ငန်းများသည် ပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေသည်အပြင် အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရရှိပြီး တစ်ဦးချင်းဝင်ငွေတိုးတက်ရေးအတွက် များစွာအရေးပါသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊  သို့ဖြစ်ပါ၍ ဒေသတွင်း MSMEs လုပ်ငန်းများ ရေရှည်ခိုင်မာအားကောင်းလာစေပြီး ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ယနေ့ အစည်းအဝေးတွင် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများအပေါ် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးကြ စေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပြည် နယ်ဦးစီးမှူးများက ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် SME Member ကတ်များ ခွင့်ပြု ထုတ်ပေးထားမှု အခြေအနေများ၊ လုပ်ငန်းများ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် ချေးငွေရရှိမှု အခြေအနေများ၊ နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြ ပြီး စီးပွားရေးလုပ်ငန်းရှင်များကကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းပေး ရမည့်ကိစ္စရပ်များ၊ ချေးငွေလိုအပ်ချက်နှင့် ထုတ်ကုန်ပစ္စည်းများ တိုးချဲ့ဆောင်ရွက်ရေး၊ ဈေးကွက်ရရှိ ရေးစသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က MSMEs လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုး တက်စေရေး၊ ကုန်ထုတ်လုပ်မှုမြင့်မားလာစေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ် များအပေါ် လိုအပ်သည်များကို ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ် ‌ဆောင်ရွက်ပေးခဲ့သည်။

          ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အေဂျင်စီအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းများတွင် အသေးစားလုပ်ငန်းအတွက် (၄၃၁) ခု၊ အလတ်စားလုပ်ငန်းအတွက် (၁၉) ခု၊ ရောင်းဝယ်မှုလုပ်ငန်းများတွင် အသေးစားလုပ်ငန်းအတွက် ၂၀၄ ခု၊ အလတ်စားလုပ်ငန်းအတွက် (၃၀) ခု၊ ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်းများတွင် အသေးစားလုပ်ငန်း အတွက် (၁၂၈) ခု၊ အလတ်စားလုပ်ငန်းအတွက် (၁၇)ခုတို့ဖြင့် စုစုပေါင်း MSMEs  လုပ်ငန်းပေါင်း (၈၂၉)ခုတို့အတွက် SME Member Card များ ခွင့်ပြုထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးရေးအတွက် ပြည်တွင်းသင်တန်း (၅၈) ကြိမ်နှင့် ပြည်ပသင်တန်း (၃)ကြိမ်သို့ တက် ရောက်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရှိရသည်။