ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မြစ်ကြီးနားမြို့နယ်အတွင်းနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မြစ်ကြီးနားမြို့နယ်အတွင်းနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား       ဇန်နဝါရီ ၂၄

            ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေ၊ ပြည်နယ် စီးပွားမြှင့်တင်‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး  ရင်းနှီးမတည်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့် အတူ မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာအတွင်းရှိ  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး‌ခဲ့ကြသည်။

            ‌ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အကျဲကျေးရွာရှိ နိုင်ငံစီးပွားမြှင့်တင်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဆွတ်ရှနန် သဘာဝမြေသြဇာစက်ရုံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သဘာဝမြေသြဇာများ ထုတ်လုပ်ရောင်းချနေမှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က ကုန်ကြမ်းများလွယ်ကူစွာရရှိရေးနှင့် သဘာဝ မြေသြဇာများ အရည်အသွေးကောင်းမွန်၍ ဈေးကောင်းရရှိစေရေးတို့အား လမ်းညွှန်မှာကြားပြီး သဘာဝမြေသြဇာ များထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းသိုလောင်ရုံနှင့် မြေသြဇာထုတ်လုပ်မှုအဆင့်ဆင့်တို့အား ကွင်းဆင်း စစ်ဆေးပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် နိုင်ငံစီးပွားမြှင့်တင်ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဖူလုံစိုက်ပျိုးရေးလုပ်ငန်း သမဝါယမအသင်း(လီမိတက်) ဒေသခံများ၏ ဖြစ်ထွန်းအောင်မြင်နေသည့် ‌(၈)ဧကရှိ ပြောင်းဖူးစိုးက်ခင်းနှင့် ဆောင်းသီးနှံစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အဆိုပါ ကျေးရွာရှိ ဧရာဝတီမြစ်‌ကမ်းဘေး၊ ကျောက်ဆောင်ကမ်းခြေအား စိုက်ပျိုးရေးလုပ်ငန်း၊ ကျေးရွာသာယာလှပရေးနှင့် ကျေးလက်အခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် အဆိုပါကျေးရွာရှိ ဂျားဂါးအသင်းအဖွဲ့မှ ကျေးရွာလူနေမှု အဆင့်အတန်း တိုးတက်မြှင့်မားစေရေးနှင့် စားနပ်ရိက္ခာဖူလုံစေရေးအတွက် စမ်းသပ်စိုက်ပျိုးလျက်ရှိသော စီးပွားဖြစ် ကြက်သွန်စိုက်ပျိုးနည်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားပြီး ‌‌ဒေသခံများ သောက်သုံးရေရရှိရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအတွက် စက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် မော်ဖောင်း‌ကျေးရွာ နန့်ကွေ့‌ချောင်းသို့ ရောက်ရှိပြီး မော်ဖောင်းကျေးရွာနှင့် ငါးအိုးကျေးရွာချင်းဆက်လမ်း (မော်ဖောင်း-ငါးအိုးတံတား) အရှည် ပေ(၃၀၀) ရှိ သံကူကွန်ကရစ်တံတား Caisson Foundation လုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ အချိန်မှီပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရှိရသည်။