ကချင်ပြည်နယ်ဝန်ကြီးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲနှင့် ဆက်သွယ်ထား သောနယ်စပ်ကုန်သွယ်ရေးလမ်းမတစ်ခုဖြစ်သည့် ဗန်းမော်ခရိုင် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲနှင့် ဆက်သွယ်ထား သောနယ်စပ်ကုန်သွယ်ရေးလမ်းမတစ်ခုဖြစ်သည့် ဗန်းမော်ခရိုင် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၃၁

          ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊မိုးမောက်မြို့နယ် လွယ်ဂျယ်နယ်စပ်မြို့နှင့် တရုတ်ပြည်သူ့သမ္မ တနိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲ၊ လုံချွန်ခရိုင်နှင့် ဆက်သွယ်ထားသော နယ်စပ်ကုန်သွယ်ရေးလမ်း တစ်ခုဖြစ်သည့် မိုးမောက် – လွယ်ဂျယ်လမ်းပိုင်း (၄၇)မိုင် (၇)ဖာလုံအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် သည် အိမ်နီးချင်းဆွေမျိုးပေါက်ဖော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ပြည်နယ်အတွင်းမှ ဒေသထွက်ကုန်များကို တင်ပို့ရာတွင် လည်းကောင်း၊ ကုန်ပစ္စည်းများ တင်သွင်းရာတွင်လည်းကောင်း၊ ကံပိုင်တည်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှတစ်ဆင့် ဖြတ်သန်းရ ခြင်းဖြစ်သည့်အတွက် အဆိုပါလမ်းများသည် ပြည်နယ်အတွက်အရေးကြီးသည့် ကုန်သွယ်ရေးလမ်း မများဖြစ်ပါကြောင်း၊ ယနေ့ BOT စနစ်ဖြင့် မိုးမောက်-လွယ်ဂျယ်လမ်းကို နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေသည့် ဟုန်ကျင်းကျန်းဘ ဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့် စာချုပ်ပါ အတိုင်း (၃)နှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သတ်မှတ်ကာလ အတိုင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားရန်လိုအပ် ပါကြောင်း မှာကြားသည်။

          ထို့နောက် တယ်ဟုန်ပြည်နယ်ခွဲ၊ လုံချွန်ခရိုင်၊ ကျန်းဖုန်းမြို့ ပြည်ပဆက်ဆံရေးဌာန ဒါရိုက်တာ Mr. Zhang Ma San (မစ္စတာကျန်းမာစန်)နှင့် တာဝန်ရှိသူများက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုလွယ်ကူ မြန်ဆန်ရေး၊ ပိုမိုတိုးတက်ကောင်းမွန်လာရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် BOT စာချုပ် ချုပ်ဆိုပြီး မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းအား မူလလမ်းအကျယ်မှ (၈.၅) မီတာအကျယ် နိုင်လွန် ကတ္တရာလမ်းအဖြစ်အဆင့်မြှင့်တင်နိုင်ရေး တောင်ပေါ်လမ်းပိုင်းအား တောင်နံရံတူးချဲ့ပြီး မြေသားလမ်းချဲ့ခြင်းလုပ်ငန်း၊ မြေသားအောက်ခံအမာခင်းကြိတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ကိုဗစ်ကာလအတွင်း လုပ်ငန်းခေတ္တရပ်နားထားခဲ့ရမှုအခြေအနေများ၊ လုပ်ငန်း စီမံကိန်းနှင့် စပ်လျဉ်း၍ လိုအပ်ချက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်လမ်းဦး စီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဝန်ကြီးဌာနနှင့် BOT စနစ်ဖြင့် စာချုပ်ချုပ်ဆိုခဲ့မှုအပေါ် စာချုပ်ပါအတိုင်း ဆောင်ရွက်သွားရမည့် လုပ်ငန်းစီမံကိန်းပါ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြ သည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လမ်းပြီးစီးပါက ဗန်းမော်ခရိုင်၊ မိုးမောက် မြို့နယ်၊ လွယ်ဂျယ်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ တယ်ဟုန် ပြည်နယ်ခွဲ၊ လုံချွမ်ခရိုင်၊ ကျန်းဖုန်းမြို့သို့ ကုန်စည်စီးဆင်းမှု ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်သည့် အတွက် လုပ်ငန်းစီမံကိန်းအား သတ်မှတ်ချိန်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့်အတူ နံနက် ၇ နာရီက မြို့သန့်ရှင်းသာယာလှပရေး၊ လူနေမှုစနစ်ကောင်းများပေါ်ထွန်းလာစေရေးနှင့် ပန်းမြို့တော် အဖြစ် ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် Kachin State Clean & Green Team အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအဖွဲ့ အရာထမ်း/ အမှုထမ်းများနှင့် မြစ်ကြီးနားမြို့ ဧရာ ရပ်ကွက် စိန်ပန်းလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင် ရွက်ခဲ့ကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များသည် ပြည်နယ်ပြည်နယ်  အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်မော်၊ ခရိုင်/ မြို့နယ်အသင်းဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ရုံးဘေး မြေကွက်လပ်တွင် အရိပ်ရနှစ်ရှည် သီးပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။