ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ကိုဗစ်-၁၉ ကုသရေး စင်တာများနှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများအတွက် အောက်စီဂျင်အိုးများ၊ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ထောက်ပံ့

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ကိုဗစ်-၁၉ ကုသရေး စင်တာများနှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများအတွက် အောက်စီဂျင်အိုးများ၊ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ထောက်ပံ့

မြစ်ကြီးနား     စက်တင်ဘာ ၈

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများအတူ မြစ်ကြီးနားမြို့အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ဘာသာရေးအဖွဲ့ အစည်းများမှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကုသရေးစင်တာများ၊ အရပ်ဖက်လူမှုကယ် ဆယ်ရေးအသင်းအဖွဲ့များအတွက် အောက်စီဂျင်အိုးများ၊ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက် ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ကွင်းဆင်းဆောင် ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တွင်ပါဝင်ကူညီဆောင်ရွက်နေကြသော လွတ်လပ်သောတိုင်းရင်းခရစ်ယာန်အသင်းတော်ကျောင်း ၌ အသင်းတော်တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့နှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးပြောကြား ကာ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ကုသရေးသုံး လီတာ ၄၀ ဆံ့ အောက်စီဂျင်အိုး ၁၅ လုံး နှင့် PPE ဝတ်စုံများ၊ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေး အပ်ခဲ့သည်။

ထိုမှတစ်ဆင့် ယုဇနရပ်ကွက်ရှိ ဗေသလနှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်း၌ အသင်းတော်တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ကုသရေးအတွက် လီတာ ၄၀ ဆံ့ အောက်စီဂျင်အိုး ၁၀ လုံး၊ PPE ဝတ်စုံများနှင့် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အလားတူ စက်တင်ဘာ ၈ ရက် နံနက် ၁၁ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ စီတာပူရပ်ကွက်အတွင်းရှိ ပြည်သူ များအား ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များ ထိုးနှံပေးနေမှုကို ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်နေမှုတို့ကို အားပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန်လာရောက်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးအပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် ဖောင်ဒေးရှင်းအဖွဲ့အတွက် အောက်စီဂျင် တိုင်းသည့်စက် (Oximeter)များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်၊ သောင်ဦးကျောင်းတိုက်၌ ကျောင်းထိုင် ဆရာတော်အား ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အရပ်ဖက်လူမှုရေး အဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို လျှောက်ထားတင်ပြကာ ဘုန်းတော်ကြီးထံ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး အေးစေတီရပ်ကွက်၌ စေတနာ့ဝန်ထမ်းလူငယ်များပူး ပေါင်းထူထောင်ထားသည့် ဧရာဝတီလူမှုဂရုဏာအခမဲ့လူမှုကူညီရေးအသင်းရုံး၌ စေတနာ့ဝန်ထမ်းလူငယ်များအတွက် ကိုဗစ် -၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကာ အားပေးစကား ပြောကြားခဲ့သည်။

ထိုမှတစ်ဆင့် စီတာပူရပ်ကွက်အတွင်းရှိ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (Myanmar Rescue Organization) အသင်းရုံး၌ အသင်းတာဝန်ရှိသူများ၊ အဖွဲ့ဝင်များအား လုပ်ငန်းဆောင် ရွက်နေမှု အခြေအနေများ၊ အခက်အခဲများကို မေးမြန်း အားပေးစကားပြောကြားပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။