ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုစွမ်းအား တိုးချဲ့မြှင့်တင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ စီမံချက်ရေးဆွဲထားရှိရေးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုစွမ်းအား တိုးချဲ့မြှင့်တင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ စီမံချက်ရေးဆွဲထားရှိရေးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၃

          ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ထုတ် လုပ်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်လည်းကောင်း၊ ပြည်ထောင်စုဘဏ္ဍာ/ ပြည် နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် လည်းကောင်း တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သြဂုတ် ၃ ရက် နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး နှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝါယမလုပ်ငန်းများတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်၏ ဝမ်းစာဖူလုံမှု အပေါ် စိစစ်တွက်ချက်ပြီး ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီ အစဉ်များ၊ အထွက်နှုန်းတိုးပွားလာရေးနှင့် ထုတ်လုပ်နိုင်မှုအပေါ် ထုတ်လုပ်ရောင်းချနိုင်မှုများကို စနစ် တကျ စာရင်းမှန်ပြုစု၍ အခက်အခဲ၊ လိုအပ်ချက်များကို စဉ်ဆက်မပြတ် တင်ပြဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့် One Region One Product ထုတ်ကုန်အဖြစ် သတ်မှတ် ထားမှုများအပေါ် တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြား သည်။

          ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်နေမှု၊ ကဏ္ဍအလိုက် တိုးတက်မြှင့်မားလာစေရေး မြို့နယ်အလိုက် စာရင်း ကောက်ယူ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံချက်ရေးဆွဲ ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်ကြသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက လုပ်ငန်းကဏ္ဍအလိုက် ဘဏ္ဍာနှစ် အလိုက် လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့မှု၊ လျာထားချက်ပြည့်မီကျော်လွန်ရေး စီမံဆောင်ရွက်လျက် ရှိမှု၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် ကြုံတွေ့နိုင်မည့် အခက်အခဲ၊ လိုအပ် ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး အတွက် ကဏ္ဍအလိုက် သွင်းအားစုများ ဖြည့်ဆည်းနိုင်ရေးနှင့် တနိုင်းခရိုင် ဆန်ရိက္ခာဖူလုံရေးတို့ အတွက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

           ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ ၌ ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည် နယ်သူ/ပြည်နယ်သားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီအဖွဲ့ဝင်များအနေ ဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသည့် လုပ်ငန်းများတင်ပြလျှောက်ထားလာမှုအပေါ် ဥပဒေ/ နည်းဥပဒေ လုပ်ထုံးလုပ်နည်း၊အမိန့်ညွှန်ကြားချက်များနှင့်အညီ လက်တွေ့ကျသောလုပ်ငန်းများအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ပြည်နယ်ကော်မတီသို့ တင်ပြလာသည့် San Yang (Myanmar) Investment Co,. Ltd မှ ဆောင်ရွက်လိုသည့် မက္ကဒေးမီးယားနှင့် ပင်မှည့်သီးစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် Sin Xin Myanmar Myitkyina Trading Co., Ltd မှ ဆောင်ရွက်လိုသည့် ရော်ဘာစိုက်ပျိုးထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကုမ္ပဏီတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ်ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးနှင့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့်အတူ အတည်ပြုမိန့်ထုတ်ပေးနိုင်ရေး အသီးသီးတင်ပြဆွေးနွေးကြပြီး ပြည် နယ်ဥပဒေချုပ်က ဖြည့်စွက်သုံးသပ် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံလုပ်ကိုင် လိုသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် အတူ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် လူနေမှုပတ်ဝန်းကျင်စနစ်ကောင်းများ ပေါ်ထွန်း လာရေးအတွက် အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ ဆောင်ရွက်လျက်ရှိသည့် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများနှင့်အတူ မြစ်ကြီးနားမြို့ သခင်နက်ဖေလမ်းတစ်လျှောက် ရုံးကြီးလမ်းဆုံနေရာမှ ပြည်ထောင်စုလမ်းဆုံနေရာအထိ လမ်းဘေးဝဲ/ယာ အန္တရာယ်ရှိ သစ်ပင်ကြီး များအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။