ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများ နှင့် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း၊ ပရဟိတအဖွဲ့များသို့ ထောက်ပံ့မှုများဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများ နှင့် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း၊ ပရဟိတအဖွဲ့များသို့ ထောက်ပံ့မှုများဆောင်ရွက်

မြစ်ကြီးနား     စက်တင်ဘာ ၁၁

          ကချင်ပြည်နယ်အတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ကာ ကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် ကချင်ပြည်နယ် အခမဲ့‌ ဆေးဝါးကုသရေးဖောင်ဒေးရှင်းအပါအဝင် မိုးညှင်းခရိုင်အတွင်းရှိ ပရဟိတအဖွဲ့များနှင့် တွေ့ဆုံပြီး ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၀ ရက်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည် နယ်အတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ယခုလို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့ပွားလျက်ရှိ သည့် ကာလအတွင်း နိုင်ငံတော်မှ Stay At Home သတ်မှတ်၍ အခြားသော ရုံးဌာနများအား ပိတ် ထားပေးသော်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူများ ငွေကြေးအခက်အခဲ ပြေလည်စေရန် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် လည်ပတ်ဆောင်ရွက်ပေးနေသည့်အတွက် မိမိ တို့အစိုးရအဖွဲ့အနေဖြင့် အသိအမှတ်ပြု ချီးမြှင့်ငွေပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ပြည်နယ်ဘဏ်ခွဲအပါအဝင် ဘဏ်ခွဲ (၆)ခုတို့မှ ဘဏ်ဝန်ထမ်း (၅၅)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ချီးမြှင့်ငွေကျပ် ၂၇၅၀၀၀၀ ကျပ် ကို ထောက်ပံ့ပေးအပ်ရာ ပြည်နယ်မန်နေဂျာ ဒေါ်စိမ်းစိမ်းမင်းက ကျေးဇူးတင်စကားနှင့် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ တောင်သူများထံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးနေမှု လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း၊ မိုးညှင်း ခရိုင်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ကိုဗစ်-၁၉ ကပ်ရောဂါကို အသက်သာဆုံးနှင့် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကျော်လွှာနိုင်ရေးအတွက် ပြည်နယ်အတွင်းမှာ ရှိတဲ့ ပရဟိတအဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ မြို့ပြများတွင် ဖြစ်ပွားမှု လျော့နည်းကျဆင်းလာသော်လည်း နယ်မြို့များနှင့် ကျေးရွာများတွင် ဖြစ်ပွားမှုနှုန်းမြင့် မားလာသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ထဲထဲ ဝင်ဝင် ပူးပေါင်းဆောင်ရွက်နေကြသည့် အသင်းအဖွဲ့များအနေဖြင့် မိမိတို့အစိုးရအဖွဲ့မှ လိုအပ် သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ယနေ့အစည်းအဝေးတွင် ပွင့်လင်းရင်းနှီးစွာ တင်ပြကြစေလို ကြောင်း တိုက်တွန်းပြောကြားသည်။

          ဆက်လက်၍ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာဘွမ် ယွန်က ဖောင်ဒေးရှင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြ သည့် မိုးညှင်းခရိုင်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက မြို့၊ ရပ် ကွက်၊ ကျေးရွာများအလိုက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများ၊ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးနိုင်ရေး၊ အောက်စီဂျင်လိုအပ်ချက်အတွက် သယ်ယူစရိတ်ကြီးမားမှု အခြေအနေများနှင့် ရပ်/ရွာအလိုက် ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြဆွေးနွေးကြသည်။

          ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင် က ကျန်းမာရေးဌာနအနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်အခြေအနေများနှင့် ပြည်နယ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်လေးက ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေ၊ ရောဂါစစ်ဆေးရှာဖွေနေမှုအခြေအနေနှင့် ကာကွယ်ဆေးခွဲဝေ/ ရရှိ ထိုးနှံပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားကြသည်။

          ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်ကကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း နှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ၊ အောက် စီဂျင်အိုးများနှင့် ထောက်ပံ့ငွေများကို ဖောင်ဒေးရှင်းဥက္ကဋ္ဌထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက် လာကြသည့် အသင်းအဖွဲ့များမှ တင်ပြသည့်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်နယ်ကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ကာကွယ်ရေးပစ္စည်းများ ထပ်မံခွဲဝေ ထောက်ပံ့ပေးနိုင်ရေး၊ ဖောင်ဒေးရှင်းမှ သံလမ်းတစ်လျှောက်ရှိကျေးရွာများတွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်ပေးရေး၊ ပရဟိတအဖွဲ့များအတွက် လိုအပ်သည့် စက်သုံးဆီစရိတ် ထောက်ပံ့ပေးနိုင်ရေးတို့နှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။