မြစ်ကြီးနား ဧပြီ ၃၀
မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် သဘာဝဘေးသင့် ပြည်သူများနှင့် ယာယီတိမ်းရှောင်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နမ္မတီးမြို့ခံပြည်သူများ၊ မြို့အတွင်းရှိ ယာယီတိမ်းရှောင်ပြည်သူများအား အားပေးအမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မိုးကောင်းမြို့ နယ်အတွင်း မိုးကောင်း၊ နမ္မတီးမြို့တို့အပါအဝင် ကျေးရွာများတွင် လေပြင်းတိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေကျခြင်းတို့ကြောင့် နေအိမ်၊ အဆောက်အအုံများ ထိခိုက်ခဲ့ရသည့် ယာယီတိမ်းရှောင်မိသားစုများနှင့် ဘေးသင့်ပြည်သူများ အပါအဝင် ဘာသာရေးအဖွဲ့အစည်းများ စုစုပေါင်း အိမ်ထောင်စု ၁၁၆၈ စုတို့အတွက် ဆန် ၂၄ ပြည်ပါအိတ် ၂၀၀ အိတ်၊ မိုးကာလိပ် ၂၉ လိပ်၊ မျိုးစပါးတင်း ၃၀၀ကိုလည်းကောင်း၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း ၄၄ ပုံးနှင့် အိမ်/ ကျောင်းပြုပြင်ဆောက်လုပ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၈၁၇၆၀၀၀၀ ကို လည်းကောင်း၊ အလှူရှင် Royal M1 မှ ငွေကျပ်သိန်း ၁၀၀ ကိုလည်းကောင်း အသီးသီးထောက်ပံ့ခဲ့ကြရာ ယာယီတိမ်းရှောင်မိသားစုဝင်များ၊ ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြပြီး အိမ်ထောင်စုများကိုယ်စား နမ္မတီး RC တိမ်းရှောင်စခန်းမှ တာဝန်ခံက ကျေးဇူးတင်စကားနှင့် စခန်းနေမိသားစုများ၏ လိုအပ်ချက်များကို တင်ပြသည်။

