ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးချုပ်ဖလား (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား မေ  ၁၀

          ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၃ နာရီခွဲက မြစ်ကြီးနားခရိုင် အားကစားနှင့်ကာယ ပညာဦးစီးဌာန ငြိမ်းချမ်းသာယာဘော်လီဘောအားကစားရုံ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများသည် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် လယ်ကုန်းအသင်းနှင့် Golden eagle အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအား ဘောလီဘောအားကစားဝါသနာရှင် ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ Golden eagle အသင်းက အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမယစ်ယောရှုက ဒိုင်အဖွဲ့အတွက်လည်းကောင်း၊ ပြည်နယ်လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့က သရုပ်ပြအကအဖွဲ့အတွက်လည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ဆုရအသင်းများအား ဂုဏ်ပြုချီးမြှင့်ရာ  ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးသိန်းက အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရအသင်းအား တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်များနှင့် ဆုငွေများကို လည်းကောင်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ‌အောင်ဝင်းက အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် လယ်ကုန်းအသင်းအားတစ်ဦးချင်းလည်ဆွဲတံဆိပ်များနှင့် ဆုငွေများကိုလည်းကောင်း၊ ပြည်နယ်လျှပ်စစ်၊ စွမ်အင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်က အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် Grace Dancer အမျိုးသမီးအသင်းအား တစ်ဦးချင်းလည်ဆွဲတံဆိပ်များကိုလည်းကောင်း၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က ပထမဆုရသည့် ပထဆုရရှိသည့် အမျိုးဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် ပထမဆုရအသင်းနှင့် အမျိုးသားဘောလီဘောပြိုင်ပွဲတွင် ပထမဆုရအသင်းတို့အား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။