တိုင်းဒေသကြီးနှင့်ပြည်နယ်ကရာတေးပြိုင်ပွဲဝင် ပြည်နယ်လက်ရွေးစင်ကရာတေးအသင်းအား မြစ်ကြီးနားလေဆိပ်၌ ကြိုဆိုဂုဏ်ပြု

မြစ်ကြီးနား     ဇူလိုင် ၂၇
          ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကရာတေးပြိုင်ပွဲတွင် ကချင်ပြည်နယ်ကိုယ်စားပြု ကရာတေးအသင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ငွေတံဆိပ်နှင့် ကြေးတံဆိပ်များ ဆွတ်ခူး ရရှိခဲ့ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းက ပြန်လည်ရောက်ရှိခဲ့ကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးသိန်း တို့က မြစ်ကြီးနားလေဆိပ်၌ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
          အဆိုပါ ကရာတေးအသင်း ပြန်လည်ရောက်ရှိလာမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် အတူ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဂုဏ်ပြုပန်းကုံးဖြင့် ကြိုဆိုခဲ့ကြပြီး လေဆိပ် ဧည့်ခန်းမဆောင်၌ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဆုတံဆိပ်များရရှိခဲ့သော လက်ရွေးစင်ကရာတေး အသင်း၏ စွမ်းဆောင်မှုအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။