ကချင်ပြည်နယ်အစိုးရအဖွဲ့မှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ သွားရောက်ပါဝင်ခဲ့သည့် ပြည်နယ်ကိုယ်စားပြုအုပ်ချုပ်မှုအဖွဲ့နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြု

 ကချင်ပြည်နယ်အစိုးရအဖွဲ့မှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ သွားရောက်ပါဝင်ခဲ့သည့် ပြည်နယ်ကိုယ်စားပြုအုပ်ချုပ်မှုအဖွဲ့နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြု

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၅

          နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားသို့ သွားရောက်ပါဝင်ခဲ့ကြသော ကချင်ပြည်နယ်ကိုယ်စားပြု အုပ်ချုပ်မှုအဖွဲ့နှင့် တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ  ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက နေပြည်တော်တွင် ခမ်းခမ်းအနားကျင်းပပြုလုပ်ခဲ့သည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တစ်ခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ နည်းတူ မိမိတို့ ပြည်နယ်ကိုယ်စားပြု တာဝန်ကျေပွန်စွာဖြင့် စည်းကမ်းတကျ ပါဝင်ခဲ့သော အဖွဲ့ဝင်များအားလုံးအား မိမိတို့အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ပြု ပြောကြားသည်။

          ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က နေပြည်တော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြည်နယ်ကိုယ်စားပြုကိုယ်စားအဖွဲ့များအတွက် (၇၄)နှစ်မြောက် ကချင် ပြည်နယ်နေ့ အထိမ်းအမှတ် ထုတ်ဝေထားသည့် နှစ်ပတ်လည်မဂ္ဂဇင်းစာအုပ်များအား အမှတ်တရ လက်ဆောင်အဖြစ်ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ပြည်နယ်ကိုယ်စား ပြုကိုယ်စားလှယ်အဖွဲ့များအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် အဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ်  ၂၈၇၀၀၀၀ ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။