ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေဧက ၁၀၀၀၀ ကျော်အတွက် စိုက်ပျိုးရေရရှိရေး ညှိနှိုင်းဆွေးနွေးပြီး Victory Garden တိရိစ္ဆာန် ဥယျာဉ်နှင့် အပန်းဖြေပန်းခြံအား တက်ရောက်ဖွင့်လှစ်ပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေဧက ၁၀၀၀၀ ကျော်အတွက် စိုက်ပျိုးရေရရှိရေး ညှိနှိုင်းဆွေးနွေးပြီး Victory Garden တိရိစ္ဆာန် ဥယျာဉ်နှင့် အပန်းဖြေပန်းခြံအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၄

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ လယ်ယာမြေဧက ၁၀၀၀၀ ကျော်အတွက် ရေလွှဲဆည်တစ်ခု တည်ဆောက်ပေးပြီး စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြားသည်။

          ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ ပြည်နယ်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်း ကျောင်းပြုနေသူများဖြစ်ပါကြောင်း၊ ယနေ့ တာလောကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများ၏ လယ်ယာမြေဧက ၁၀၀၀၀ ကျော်အတွက် ရေလွှဲဆည်တစ်ခုတည်ဆောက်၍ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ဆောင်ရွက်နိုင်မည့် အစီ အမံများကို ညှိနှိုင်းဆွေးနွေးကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များက တာလောကြီးကျေးရွာအုပ်စုအတွင်း၌ လယ်ယာစိုက်ပျိုးနေမှုအခြေအနေများ၊ ရေအရင်း အမြစ်အခြေအနေနှင့် ရေလွှဲဆည်တည်ဆောက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ရမည့် အခြေအနေ များ၊ လယ်ယာမြေများ ဖော်ထုတ်ပြီး အထွက်နှုန်းတိုး မျိုးစပါးနှင့် သီးထပ်သီးနှံများ စိုက်ပျိုးဆောင် ရွက်နိုင်သည့် အခြေအနေများကို သုံးသပ်ရှင်းလင်းတင်ပြဆွေးနွေးကြသည်။

          ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာမြေများအတွက် ရေလွှဲဆည်တစ် ခုတည်ဆောက်၍ စိုက်ပျိုးရေလုံလောက်စွာပေးနိုင်ရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ရေအရင်း အမြစ်အခြေအနေများနှင့် မြေပြင်အခြေအနေကို စနစ်တကျ ကွင်းဆင်းတိုင်းတာ စစ်ဆေးသွားနိုင် ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာအုပ်စု၊ လွယ်ခေါကျေးရွာအတွင်း တည်ဆောက်ထားရှိသည့် ပုဂ္ဂလိကပိုင် Victory Garden တိရိစ္ဆာန်ဥယျာဉ်နှင့် အပန်းဖြေပန်းခြံသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ ပန်းခြံပိုင်ရှင် ဒေါ်ဘောမ်လုံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပန်းခြံဖွင့်လှစ်ပေးခြင်း အောင်ပွဲ အဖြစ် ပန်းခြံအတွင်းရှိ မနောကွင်း၌ ကချင်တိုင်းရင်းသားတို့၏ ရိုးရာမနောအကဖြင့် စုပေါင်းကခဲ့ ကြပြီး နိုင်ငံကျော်အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          အဆိုပါ Victory Garden တိရိစ္ဆာန်ဥယျာဉ်နှင့် အပန်းဖြေပန်းခြံသည် မြေဧရိယာ ၉ ဧကခန့် ကျယ်ဝန်းပြီး ငွေကျပ်သိန်း ၁၅၀၀ ကျော် အကုန်အကျခံ၍ ဒေသတွင်း ငှက်မျိုးစိတ်များ၊ တောရိုင်း တိရိစ္ဆာန်များ ပြသပေးထားခြင်း၊ ရေကူးကန်များ၊ ကလေးကစားကွင်း၊ ဒေသထွက် သစ်ခွမျိုးစိတ် များ၊ သစ်ပင်ပန်းမံများဖြင့် အလှဆင်ထားပြီး ဝင်ကြေးပေး၍ စိတ်ကြိုက်လည်ပတ်နိုင်မည်ဖြစ် ကြောင်းနှင့် ပြည်နယ်အတွင်း ပထမဆုံးသော တိရိစ္ဆာန်ဥယျာဉ်နှင့် အပန်းဖြေပန်းခြံတစ်ခုဖြစ် ကြောင်း သိရှိရသည်။