ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဗန်းမော်ခရိုင်အတွင်းမှ မန္တလေးမြို့၌ ယာယီတိမ်းရှောင်ခိုလှုံနေထိုင်လျက်ရှိသော ‌တိမ်းရှောင်မိသားစုများအား အခြေခံစား သောက်ကုန်များ ထောက်ပံ့

မန္တလေး  မေ  ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း နယ်မြေအခြေအနေအရ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့သို့ ယာယီထွက်ပြေးတိမ်းရှောင်၍ ခိုလှုံနေထိုင်လျက်ရှိသော ယာယီတိမ်းရှောင်ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က မေ ၁၂ ရက်၊ နံနက် ၁၀ နာရီတွင် အောင်မြေသာစံခရိုင်၊ မ‌န္တလေးတောင်ခြေရှိ စိတ္တသုခကျောင်း တိုက်၌တွေ့ဆုံအားပေးပြီး အခြေခံစားသောက်ကုန်များ ထောက်ပံ့ခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက အိမ်ထောင်စုများအား အားပေးအမှာစကားပြောကြားပြီး အိမ်ထောင်စုများနေထိုင်စားသောက်ရေးအတွက် လိုအပ်ချက်များတင်ပြဆွေးနွေးမှုအပေါ် ပြည်နယ်ဝန်ကြီး ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ဗန်းမော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းထူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယာယီတိမ်းရှောင်ပြည်သူ အိမ်ထောင်စုတစ်ထောင်အတွက် တစ်အိမ်ထောင်လျှင် ဆန်(၆)ပြည်၊ ဆီ (၅၀)သား၊ ငါးသေတ္တာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။