ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းမျိုးနွယ်စုအားလုံးပါဝင်သည့် တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းမျိုးနွယ်စုအားလုံးပါဝင်သည့် တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား     ဧပြီ ၉

          ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ အားလုံးပါဝင်သည့် ပြည်နယ်တိုင်းရင်း သားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ပထမဆုံးအကြိမ် အဖြစ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ဧပြီ ၈ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်သူ့အားကစားကွင်း၌ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။

          အဆိုပါ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲကို ကချင်မျိုးနွယ်စု (၆)သင်း၊ ရှမ်းမျိုးနွယ်စု (၅)သင်းနှင့် ဗမာတိုင်းရင်းသား (၁)သင်း စုစုပေါင်း ဘောလုံးအသင်း (၁၂)သင်းဖြင့် မတ် ၂၅ ရက်မှ စတင်၍ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲတွင် ဗိုလ်လုပွဲစဉ်အဖြစ် ဇိုင်းဝါး FC အသင်းနှင့် ဗမာ FC အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်း များက ကြည့်ရှုအားပေးခဲ့ကြရာ ဇိုင်းဝါး FC အသင်းက ဗမာ FC အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

          ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဥပဒေချုပ်က ဗိုလ်လုပွဲ စဉ်အတွက် အကောင်းဆုံးကစားသမားဆု၊ ပြည်နယ်အမျိုးသမီးအားကစားဆပ်ကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက ဘောလုံးပြိုင်ပွဲဖြစ်မြောက်‌ရေးအတွက် ဝိုင်းဝန်းကူညီခဲ့ကြသည့် ဒိုင်အဖွဲ့၊ နည်းပြအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် တာဝန်ရှိသူတို့အား ဂုဏ်ပြုဆုတံဆိပ်များ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြိုင်ပွဲတစ်လျှောက်နေရာအလိုက် အကောင်းဆုံးကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တတိယဆုရ လီဆူတိုင်းရင်းသား အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ချီးမြှင့်ငွေကျပ် ၁၀ သိန်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးက ဒုတိယဆုရဗမာအသင်းအား တစ်ဦးချင်းဆုတံဆိပ် များနှင့် ဆုငွေ ၁၅ သိန်းတို့ ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ ဇိုင်းဝါး FC အသင်းအတွက် တစ်ဦးချင်းဆုတံ ဆိပ်နှင့် ချီးမြှင့်ငွေကျပ် သိန်း ၂၀ တို့ကို ဂုဏ်ပြုပေးအပ်ပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။