ကချင်ပြည်နယ်အတွင်း ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများကို COVID-19 လမ်းညွှန်ချက်များနှင့်အညီ ကန့်သတ်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်း ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများကို COVID-19 လမ်းညွှန်ချက်များနှင့်အညီ ကန့်သတ်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား နိုဝင်ဘာ ၁၉
ကချင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ရိပ်သာများတွင် ကထိန်ကာလအတွင်း၌ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များနှင့်အညီ အကန့်အသတ်ဖြင့် ပြုလုပ်ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုဝန်ကြီး ဦးနေဝင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ရိပ်သာ များတွင် ကထိန်ကာလအတွင်း၌သာ ဆောင်ရွက်ရသည့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများကို သံဃာတော်၊ လူပုဂ္ဂိုလ် (၃၀)ဦးထက်မပိုသော မိသားစုကထိန်အနေဖြင့် ကျင်းပဆောင်ရွက်နိုင်ရေး၊ ဧည့် ပရိသတ်များ ဖိတ်ကြားခြင်းမပြုဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပြုလုပ်နိုင်ရေးဆွေး နွေးကြသည်။
ထို့အပြင် ဌာနဆိုင်ရာများအနေဖြင့် ကထိန်ပဒေသာပင်များကို မိမိတို့အစီအစဉ်ဖြင့် သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ကြိုတင်ပို့ဆောင်ထားကြရေး၊ မိသားစုအလိုက် တစ်နိုင်တစ်ပိုင်ဆောင် ရွက်သော အလှူပွဲများတွင်လည်း မိသားစုဝင်အရေအတွက်ဖြင့်သာ ဆောင်ရွက်ကြရေး၊ ပဒေသာပင် စီတန်းလှည့်လည်ခြင်းအား လတ်တလောတွင် မပြုလုပ်ကြရန်နှင့် သက်ဆိုင်ရာမြို့နယ်များတွင်လည်း အလားတူ ခွင့်ပြုချက်ဖြင့် ကျင်းပဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။