ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားတက္ကသိုလ်၀င်းအတွင်း သန့်ရှင်းသာယာလှ‌ပရေး အတွက်ဌာနဆိုင်ရာများ၊ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်မှ စစ်သည်၊ရဲမေများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားတက္ကသိုလ်၀င်းအတွင်း သန့်ရှင်းသာယာလှ‌ပရေး အတွက်ဌာနဆိုင်ရာများ၊ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်မှ စစ်သည်၊ရဲမေများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြစ်ကြီးနား          နို၀င်ဘာ ၁၃

ကချင်ပြည်နယ် ၀န်ကြီးချုပ်ဦးခက်ထိန်နန်က ဦးဆောင်၍ မြောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်၊ ရဲမေများ၊ မီးသတ်တပ်ဖွဲ့၀င်များက နို၀င်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီအချိန်မှ စ၍ မြစ်ကြီးနား တက္ကသိုလ်၀င်းအတွင်းသန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးအားဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာခြင်းကို ပြည်နယ်၀န်ကြီးချုပ်သည်‌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရဖွဲ့၀င် ၀န်ကြီးများ၊ ပြည်နယ်၊ ခရိုင် ၊ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာများ၊ ‌ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည် ၊ရဲ‌မေများ၊ မီးသတ်တပ်ဖွဲ့၀င်များနှင့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများက မြစ်ကြီးနားတက္ကသိုလ် ပရ၀ဏ်အတွင်း လမ်းဘေးဝဲ/ယာ တစ်လျှောက် ချုံ၊ နွယ်၊ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ရိတ်ခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြ သည်။

          အဲ့ဒီ‌နောက် ပြည်နယ်၀န်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ် ၀င်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက်ထပ်မံ ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြ‌ကြောင်း သတင်းရရှိသည်။