ကချင်ပြည်နယ် ၀န်ကြီးချုပ်က ကို‌ဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ‌ပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကချင်ပြည်နယ် ဆောင်းရာသီအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အားကစားနည်းအလိုက် ဆပ်ကော်မတီများအား ဂုဏ်ပြုတွေ့ဆုံ

 ကချင်ပြည်နယ် ၀န်ကြီးချုပ်က ကို‌ဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ‌ပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး  ကချင်ပြည်နယ် ဆောင်းရာသီအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အားကစားနည်းအလိုက် ဆပ်ကော်မတီများအား ဂုဏ်ပြုတွေ့ဆုံ

မြစ်ကြီးနား   နို၀င်ဘာ    ၁၂

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နှင့်အဖွဲ့သည် နို၀င်ဘာလ ၁၂ ရက်နေ့ ၉ နာရီအချိန်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှူ စစ်ဆေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ စကားပြောကြားပြီး နှာခေါင်းစည်းMask များအားဝေငှ ခဲ့သည်။

အဲ့ဒီနောက် ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့၀င်များသည် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ သို့ရောက်ရှိပြီး ဆောင်းရာသီအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အားကစားနည်းအလိုက် ဆပ်ကော်မတီများအား ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်သည်။

 ရှေးဦးစွာ ပြည်နယ်၀န်ကြီးချုပ်က အားကစားကဏ္ဍသည် နိုင်ငံတော်၏ အမျိုးသားရေး၊ကျန်းမာရေး၊ အသိညဏ်ပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးနှင့် စီးပွားရေး အခြေခံလည်း ဖြစ်သည့်အပြင် တိုင်းရင်းသားညီ အစ်ကို မောင်နှမများ ပိုမိုရင်းနှီးချစ်ခင်လာစေရေး၊ဇာတိ‌သွေး ဇာတိမာန်များ ပိုမိုထက်သန်လာစေရေး၊ လူချွန်လူကောင်းများပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်ကာကွယ်ရေးတို့အတွက် အဓိကအခန်းကဏ္ဍမှ ပါ၀င်သည့် အတွက် ဒီကနေ့ ကချင်ပြည်နယ်၌ဆောင်ရွက်နေသော ‌”ဆောင်းရာသီ အားကစားပွဲတော်” ဟာ ပြည်နယ်ရဲ့ အနာဂတ်အတွက် အရေးပါတဲ့ လူငယ်လူရွယ်တွေကို မွေးထုတ်ပျိုးထောင်ပေးနေသော လုပ်ငန်းတစ်ရပ်ဖြစ်တာကြောင့် ပူးပေါင်း ကူညီဆောင်ရွက်ပေးနေကြ‌သည့် အားကစားနည်းအလိုက် ဆပ်ကော်မတီများအား အထူးပင်ကျေးဇူးတင် မှတ်တမ်းတင်ရှိပါကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ကရာတေးဒို၊လက်ဝှေ့ နှင့် Fitness Dance အားကစားနည်းများအလိုက် သရုပ်ပြဖျော်ဖြေ တင်ဆက်သည်။အဲ့ဒီနောက် ပြည်နယ်၀န်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားသူကြီးချုပ် ၊ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်၀န်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့မှ  သရုပ်ပြအဖွဲ့များနှင့် အားကစားနည်းအလိုက် ‌ဆပ်ကော်မတီများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ထောက်ပံ့‌ငွေ ၁၉ သိန်း ၂ သောင်းကျပ်အား ပေးအပ်ခဲ့ပြီး အားကစားနည်းဆပ်ကော်မတီမှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန့်ကြီးချုပ်နှင့် အဖွဲ့၀င်များသည် ဆောင်းရာသီ အားကစားပွဲတော် အထိမ်းအမှတ်အဖြစ်   အမှတ်တရ လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။ကချင်ပြည်နယ်၏ ဆောင်းရာသီ အားကစားပွဲတော် အဖြစ် ယခုနို၀င်ဘာလအတွင်း အားကစားပြိုင်ပွဲ (၉)ပွဲနှင့် သင်တန်း(၈)ခု ကို ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။