ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)သို့ တက်‌ရောက်သင်ကြားကြမည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား/ကျောင်းသူများအား တက္ကသိုလ်မှ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဌာန/ဘာသာရပ်မိတ်ဆက်ပွဲကျင်းပ

 ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)သို့ တက်‌ရောက်သင်ကြားကြမည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား/ကျောင်းသူများအား  တက္ကသိုလ်မှ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဌာန/ဘာသာရပ်မိတ်ဆက်ပွဲကျင်းပ

မြစ်ကြီးနား     နိုဝင်ဘာ ၂၉

          ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စားမေးပွဲအောင်မြင်၍ ကွန်ပျူတာတက္ကသိုလ်            (မြစ်ကြီးနား)သို့ တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူသစ်များအား ကွန်ပျူတာ တက္ကသိုလ် (မြစ်ကြီးနား)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဌာန/ ဘာသာရပ်မိတ်ဆက် ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးသည်။

          မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ပြည်နယ်ဝန်ကြီးက ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) သို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် မောင်/မယ်သစ်လွင်များအား ကချင် ပြည်နယ်အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ ယနေ့ ICT နည်းပညာ၏ တိုးတက် ပြောင်းလဲမှုသည် ကမ္ဘာပေါ်ရှိ နိုင်ငံသားတိုင်း၏ စီးပွားရေး၊ လူမှုရေးတိုးတက်မှုများတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည့်အတွက် သိပ္ပံနှင့် နည်းပညာတိုးတက်ရေး မောင်မယ် တို့အနေဖြင့် ကြိုးစားလေ့လာ သင်ကြား၊ သင်ယူကြရမည်ဖြစ်ပါကြောင်း၊ မောင်/မယ်တို့၏ သင်ကြားသင်ယူမှုများသည် မိမိတို့နိုင်ငံ၏ သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေး ကြိုးစားသင်ယူကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) ဒုတိယပါမောက္ခချုပ်က သစ်လွင် ကျောင်းသား/ကျောင်းသူသစ် (၇၆) ဦးတို့အား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မောင်မယ် သစ်လွင်များအား သင်ကြားရေးဌာန၊ ဌာနမှူများက ဌာန/ဘာသာရပ်များအကြောင်း မိတ်ဆက်ပြီး လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းမျာ၊ တက္ကသိုလ်တွင် လက်ရှိကျင့်သုံးနေသော စနစ်များအကြောင်းကို မိတ်ဆက် ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။