ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ကလေးကျောင်းများနှင့် မျက်မမြင် ကျောင်းသို့ ဆန်၊ ဆီ၊ ခြုံစောင်များနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ သွား‌ရောက်ထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ကလေးကျောင်းများနှင့် မျက်မမြင် ကျောင်းသို့ ဆန်၊ ဆီ၊ ခြုံစောင်များနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ သွား‌ရောက်ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၇

          ကချင်ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင်များနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ကလေး ကျောင်းများနှင့် မျက်မမြင်ကျောင်းသို့ ဆန်၊ဆီ၊ ခြုံစောင်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်း များကို ဒီဇင်ဘာ ၇ ရက် နံနက် ၈ နာရီခွဲတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များဖြစ်ကြသည့် ဦးလောဆန်းနှင့် ဦးခွန်သန့်ဇင်တို့သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မိဘမဲ့ကလေးများဖွံ့ဖြိုးရေးဂေဟာသို့ သွားရောက်ပြီး ဂေဟာ တာဝန်ရှိသူများ၊မိဘမဲ့ကလေးများအား ပြည်နယ်ဝန်ကြီးချုပ်က ခရစ်စမတ်ကာလအတွင်း မိဘမဲ့ ဂေဟာများနှင့် မျက်မမြင်ကျောင်းများအတွက် နေထိုင်စားသောက်မှုအဆင်ပြေစေရေး ထောက်ပံ့ လှူဒါန်းရခြင်းဖြစ်ကြောင်း ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြောကြားပြီး အလှူရှင်များနှင့်အတူ ဆန်၊ ဆီ၊ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများနှင့် ခြုံစောင်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်များက စီတာပူရပ်ကွက်ရှိ Grace Happy Land မိဘမဲ့ကလေးများပြုစုစောင့်ရှောက်ရေးကျောင်း၊ မိဘမဲ့ရိပ်မြုံဂေဟာနှင့် တပ်ကုန်း(အင်ဂျံဒုံ) ရပ်ကွက်ရှိ မေတ္တာရင်ခွင်မိဘမဲ့ဂေဟာတို့ကို ဆက်လက်သွားရောက်ကာ ရင်းရင်းနှီးနှီးတွေ့ဆုံ  အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ ခြုံစောင်နှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်ကြီးရပ်ကွက်ရှိ အေးမြသာယာ မျက်မမြင်ကျောင်းသို့ သွားရောက်ပြီး မျက်မမြင်ကျောင်းအုပ်ကြီးနှင့် ကျောင်းသား/ကျောင်းသူများ အား တွေ့ဆုံအားပေးစကားပြောကြားရာ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားပြီး ခရစ်စမတ်တေးသီချင်း သီဆိုကြကာ ကျောင်းအတွက် ဆန်၊ ဆီ၊ ခြုံစောင်များ၊ ကိုဗစ်ကာကွယ် ရေးသုံးပစ္စည်းများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အလှူငွေကျပ် ၈ သိန်းကို အသီးသီးပေးအပ်လှူ ဒါန်းခဲ့ကြရာ ကျောင်းအုပ်ကြီးက မှတ်တမ်းတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်များ၏ မျက်မမြင်ကျောင်းနှင့် မိဘမဲ့ဂေဟာများ သို့ လှူဒါန်းမှုမှာ ဆန်အိတ် ၁၀၀၊ ဆီ ၁၀၀ ဗူး၊ ခြုံစောင် ၁၀၀ နှင့် ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း Mask များ၊ Hand Gel ဘူးများ၊ ဆပ်ပြာခဲများကို လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။

ထို့နောက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်မဂ္ဂဇင်း ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်စာရေးဆရာများအသင်းတာဝန်ရှိသူများအား ပြည်နယ်နေ့အထိမ်းအ မှတ် မဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာများ၊ တစ်ကွက်ကာတွန်းများ၊ မှတ်တမ်းဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ထည့်သွင်းဖော်နိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။