မြစ်ကြီးနားမြို့၌ Mini Shopping Center နှင့် ရုပ်ရှင်ရုံငယ် တည်ဆောက်နေမှုအခြေအနေအား ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သွားရောက်ကြည့်ရှုစစ်ဆေး

 မြစ်ကြီးနားမြို့၌ Mini Shopping Center နှင့် ရုပ်ရှင်ရုံငယ် တည်ဆောက်နေမှုအခြေအနေအား ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သွားရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၇

          ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၆ ရက်နေ့ မွန်းလွဲ (၂)နာရီက မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်အတွင်း Mini Shopping Center နှင့် ရုပ်ရှင်ရုံငယ် တည်ဆောက် နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

Mini Shopping Center နှင့် ရုပ်ရှင်ရုံငယ် တည်ဆောက်နေမှုကို ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက အဆောက်အဦအား တာဝန်ယူတည်ဆောက်လျက်ရှိသည့် ဂင်လွမ်းကုမ္ပဏီ ဒါရိုက်တာ JZဒေါင်လွမ်းနှင့် တာဝန်ရှိသူများ၏ Mini Shopping Center အတွင်း ကလေးကစားကွင်း၊ စျေးဆိုင်ခန်းများ၊ အားကစားရုံ၊ လူဦးရေ ၁၂၀၀ ဝင်ဆံ့သည့် မီနီရုပ်ရှင်ရုံ၊ စားသောက်ဆိုင်ခန်းများနှင့် Roof Top Sky Bar တို့ဖြင့် ဖွဲ့စည်းတည်ဆောက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ လိုက်လံ ရှင်းလင်းပြသမှုကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးက သတ်မှတ်အချိန်အတွင်း ပြီးစီး အောင်ဆောင်ရွက်ရေးနှင့် လိုအပ်သည်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

အဆိုပါ မြစ်ကြီးနားမြို့၌ တည်‌ဆောက်ဖွင့်လှစ်သွားမည့် Mini Shopping Center နှင့် ရုပ်ရှင်ရုံ ငယ်ကို  စည်ပင်သာယာရေးအဖွဲ့ပိုင် (၀.၁၆၆)ဧကရှိ မြေနေရာပေါ်တွင် သန်း(၂၅၀၀)ကျော် အကုန် အကျခံ၍ RC အမျိုးအစား (၆)ထပ် အဆောက်အဦအဖြစ် ယခုနှစ် ဒီဇင်ဘာလအတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။