မြစ်ကြီးနားမြို့စီးပွားရေးဖွံ့ဖြိုးရေးဇုန်စီမံကိန်း မြေနေရာနှင့် စပ်လျဉ်း၍ မြေယာသီးနှံလျော်ကြေး ပေးအပ်နိုင်ရေး ပြည်နယ်စီးပွာ‌ရေးရာဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး

 မြစ်ကြီးနားမြို့စီးပွားရေးဖွံ့ဖြိုးရေးဇုန်စီမံကိန်း မြေနေရာနှင့် စပ်လျဉ်း၍ မြေယာသီးနှံလျော်ကြေး ပေးအပ်နိုင်ရေး ပြည်နယ်စီးပွာ‌ရေးရာဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၇

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာအုပ်စုအတွင်း မြစ်ကြီးနားမြို့စီးပွားရေး ဖွံ့ဖြိုးရေးဇုန် စီမံကိန်းမြေနေရာနှင့် စပ်လျဉ်း၍ မြေယာသီးနှံလျော်ကြေးပေးအပ်နိုင်ရေးအတွက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ ဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များ၊ မြေယာပိုင်ရှင်များနှင့် ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းဘက်စုံပူးပေါင်းညှိ နှိုင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးမျိုးဆွေက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်သူ/ သားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ မြစ်ကြီးနားစီးပွား‌ဖွံ့ဖြိုး ရေးဇုန် စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် လျာထားမြေနေရာနှင့် စပ်လျဉ်း၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေယာသီးနှံလျော်ကြေးပေးအပ်နိုင်ရေးအတွက် ပွင့်ပွင့်လင်းဆွေးနွေး ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် စီးပွားရေးဖွံ့ဖြိုးမှုဇုန်အကောင်အထည်ဖော်ဆောင်ရွက်မည့် လျာထားမြေနေရာ အား ကွင်းဆင်းစိစစ်ရေးအဖွဲ့(လျော်ကြေးပေးအပ်ရေးအဖွဲ့)ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးက ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ လျာထားမြေနေရာအပေါ် စိစစ်တိုင်းတာဆောင်ရွက်မှု များနှင့် မြေယာလျော်ကြေးပေးအပ်နိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံခြံစိုက်လုပ်ငန်းရှင် များက စီးပွားဖွံ့ဖြိုးရေး ဇုန်စီမံကိန်းအကောင်အထည်ဖော်မည့် အခြေအနေများ၊ လျာထားမြေနေရာ အတွင်း ပါဝင်သည့် မြေယာသီးနှံများ လျော်ကြေးပေးအပ်နိုင်ရေး/ လက်ခံရယူနိုင်ရေးတို့အတွက် စီမံ ဆောင်ရွက်သွားမည့် အစီအမံများကို အသီးသီးရှင်းလင်းတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဖြေရှင်းဆောင်ရွက် သွားရေး၊ လိုအပ်ချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြသွားနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။