အသက်(၁၉)နှစ်အောက် အမျိုးသမီးလက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်

မြစ်ကြီးနား  စက်တင်ဘာ ၇
          ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအတွက် အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က အားပေးအမှာစကားပြောကြားသည်။
         ဆက်လက်၍ အသင်းအုပ်ချုပ်သူက ဘောလုံးအသင်း စတင်ဖွဲ့စည်းခဲ့ပြီး ရက်သတ္တပတ် ၈ ပတ်ကြာ လေ့ကျင့်ပြင်ဆင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်ရောက်ကြမည့် လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအတွက် အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၂၅ သိန်းအားလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် အောင်နိုင်ရေးကော်မတီအဖွဲ့က ငွေကျပ်သိန်း ၅၀ ကိုလည်းကောင်း အသီးသီးဂုဏ်ပြု ချီးမြှင့်ပေးအပ်ခဲ့ကြသည်။