
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်းမှ ယာယီတိမ်းရှောင်မိသားစုများအား ဆန်နှင့် စားသောက်ကုန်များထောက်ပံ့
မြစ်ကြီးနား အောက်တိုဘာ ၄ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ ယာယီတိမ်းရှောင်၍ ရမ်ပူရပ်ကွက်အတွင်း ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ ၃ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (ရမ်ပူ-၁)၌ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။ ထိုသို့ တွေ့ဆုံစဉ် စခန်းတာဝန်ခံတစ်ဦးက အမှတ်(၂ နှင့် ၃) စခန်းများအတွင်း နေထိုင်စားသောက်မှုဆိုင်ရာလိုအပ် ချက်များနှင့် စပ်လျဉ်း၍တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရမ်ပူရပ်ကွက် အီဒါကွင်း စခန်း (၂)နှင့် (၃)မှ ယာယီတိမ်းရှောင် အိမ်ထောင်စု (၁၄၄)စုတို့အတွက် ဆန် (၂၄) ပြည်ပါအိတ် (၁၄၄)အိတ်၊ ဆီ (၁၄၄) ပိဿာနှင့် ကြက်ဥ…