မြစ်ကြီးနား အောက်တိုဘာ ၄
ပြည်နယ်ဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၇ နာရီတွင် မြစ်ကြီးနားမြို့ Northern Star ဂေါက်ကွင်း၌ သီတင်းကျွတ်အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲသို့ တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဂေါက်သီးရိုက်ပြိုင်ပွဲ စတင်နိုင်ရေးအတွက် Smoke Ball ကို ရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
