ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဖွင့်လှစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများသင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး
မြစ်ကြီးနား ဒီဇင်ဘာ ၁၀ ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ရှင်းလင်းပြတ်သားစွာ သိရှိနားလည်စေရန် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့နယ်စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်အရာရှိများ နှင့် ဗန်းမော်ခရိုင်၊ ဗန်းမော်၊ မံစီ၊ မိုးမောက်မြို့နယ်တို့၏ မဲရုံများအလိုက် ကြီးကြပ်ဆောင်ရွက်ကြမည့် သင်တန်းသား/ သင်တန်းသူ (၁၂၉)တို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများပီပီ နိုင်ငံတော်အတွက် အကျိုးပြုဆောင်ရွက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များကို ဥပဒေနှင့်အညီ…