ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မြစ်ကြီးနား ဒီဇင်ဘာ ၂၄ ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးချီးမြှင့်သည်။ ရှေးဦးစွာ အခမ်းအနားကို မြစ်ကြီးနားတက္ကသိုလ် ကျောင်းသား/သူလေးများက မြကျွန်းညိုညို သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ နိုင်ငံတော်အစိုးရအနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသော လူငယ်ပညာတတ်များ မွေးထုတ်ပေးနိုင်ရေး ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများစွာ လုပ်ဆောင်လျက်ရှိပါကြောင်း၊ လူငယ်များကို ဘက်ပေါင်းစုံမှမြှင့်တင်ပေးနိုင်ရေး အမြဲစဉ်းစား အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည့်အတွက် မောင်တို့၊ မယ်တို့အနေဖြင့် ရရှိသည့်အခွင့်အရေးကို တစ်စိုက်မတ်မတ်ကြိုးစားကြရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ပညာသင်ကို အခြေခံပြီး နိုင်ငံကို တည်ဆောက်မှသာ ပညာရဲရင့် ပွဲလယ်တင့်ပြီး…