
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ (၉)ရက်တိုင်တိုင် ကျင်းပပြီးစီးခဲ့သော ဒုတိယအကြိမ် ဗုဒ္ဓဒေသနာတော် ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲ၊ သူနာပြု-သားဖွား သင်တန်းကျောင်းနှင့် ပညာရေးဒီဂရီကောလိပ် သင်တန်းသား/သင်တန်းသူများအား ဆန်ရိက္ခာများ ချီးမြှင့်ပေးအပ်၊ ပြည်ထောင်စုနေ့ အခမ်းအနားတွင် သွားရောက် ပါဝင်ဖျော်ဖြေကြမည့် ပြည်နယ်အကအဖွဲ့အား ကြည့်ရှုအားပေးချီးမြှင့်
မြစ်ကြီးနား ဖေဖော်ဝါရီ ၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဇန်နဝါရီ ၂၄ ရက်နေ့မှ စတင်ကျင်းပခဲ့သော ဒုတိယအကြိမ် ဗုဒ္ဓဒေသနာတော် ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးစီး ခြင်း အလှူရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်ကြီး၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်၊ မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက်ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစန္ဒဝရာဘိဝံသအမှူးပြုသော နာယက၊ ဘာဏကဆရာတော် (၁၅)ပါးတို့ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး ဥပ္ပါတသန္တိပရိတ်တော်များနှင့်…