
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သား/ ငါးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် စနစ်တကျထိန်းသိမ်းကြပ်မတ်ကွပ်ကဲနိုင်ရေး သား/ ငါးဒိုင်များနှင့် ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဒီဇင်ဘာ ၆ ကချင်ပြည်နယ်အတွင်း သား/ငါးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်ရေး၊ စနစ် တကျထိန်းသိမ်းကြပ်မတ်ကွပ်ကဲနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ သားသတ်လိုင်စင်ရရှိလုပ်ကိုင်နေသူ များ၊ သား/ငါးဒိုင်များနှင့် ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ ကုန်ဈေးနှုန်းကြီးမြှင့်မှုကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး နေ့စဉ် ဖြစ်ပေါ်လျက်ရှိသည့် ဈေးနှုန်းများ ကို စဉ်ဆက်မပြတ် ကြပ်မတ်ကွပ်ကဲလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးအရ လုပ်ကိုင်ရာတွင်လည်းကောင်း၊ ဝမ်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရာတွင်လည်းကောင်း၊ အများ ပြည်သူနှင့် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည့်အတွက် ကျွန်းကိုင်မီ၊ ကိုင်းကျွန်းမီဖြစ်နေသည်ကို သိရှိနားလည်၍ ထိန်းသိမ်းကြရန်…