Bahisbet Bahisbet Giriş Yakabet Giriş Deneme Bonusu deneme bonusu veren siteler çevrimsiz deneme bonusu Deneme Bonusu Rehberi Deneme Bonusu 2026 güncel deneme bonusu Çevrimsiz Bonus Veren Siteler Truva Marketing Deneme Bonusu Veren Siteler Jojobet Giriş Caddebet Giriş Casibom Giriş

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် မြစ်ကြီးနားခရိုင် ကချင်နှစ်ခြင်းအသင်းတော်များအဖွဲ့ချုပ် ဖခင်များ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား   စက်တင်ဘာ ၃၀

         “သန့်ရှင်းသော ဖခင်များ” ခေါင်းစဉ်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ကချင်နှစ်ခြင်းအသင်းတော်များအဖွဲ့ချုပ် ဖခင်များအတွက် ကျင်းပပြုလုပ်သော ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့ ၊ မန်ခိန်ရပ်ကွက်၌ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းက ဗိုလ်လုပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

          ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ကျန်းမာ‌ကြံ့ခိုင်သော မျိုးဆက်သစ် လူငယ်လူရွယ်အားကစားသမားများကို စဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိသည့်အပြင် မူးယစ်ဆေးဝါးကင်းစင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင်ဖခင်များအတွက် ယခုလို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်ပျော်ရွှင်လာစေမည့်အပြင် မိမိတို့၏ သားငယ်/သမီးငယ်များကိုလည်း အားကစားဘက်တွင် စိတ်ပါဝင်စားလာအောင် ဆုံးမသွန်သင်လာစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီ ကြသူများအားလုံးကို အထူးပင်ကျေးဇူး တင်ရှိပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲကျင်းပပြုလုပ်ပေးသည့် ကချင်နှစ်ခြင်းအသင်းတော်များအဖွဲ့ချုပ်အတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ် ၂၅ သိန်းနှင့် အားကစားအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကာ ဗိုလ်လုပွဲစဉ်အဖြစ် ဂါလိလဲအသင်းတော် ဖခင်များအသင်းနှင့် ဧဗနေဇာအသင်းတော် ဖခင်များအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          အဆိုပါ ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်နေမှ စတင်၍ အသင်းတော် (၁၅)သင်းမှ ဖခင်များက ဘောလုံးအသင်း (၁၅)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ယနေ့ ဗိုလ်လုပွဲတွင် အနိုင် ရဗိုလ်စွဲသည့် အသင်းအား ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော ကချင်ပြည်နယ်မြေပုံ(ကျောက်စိမ်း ဖလား) ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။