ကချင်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ကမ္ဘာ့မူးယစ်‌ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအား တက်ရောက်အားပေး

မြစ်ကြီးနား     ဇွန်  ၂၇

၂၀၂၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်မူးယစ် ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် အားကစားကွင်း၌ ဇွန် ၂၆ ရက် ညနေ ၃ နာရီက ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးလီပေါ်ရဲ့၊ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမယစ်ယောရှုနှင့် ပြည်နယ်အဆင့်တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် Ram Hkye FC (ဂရုဏာလက် လူငယ်ပြုစုပျိုး ထောင်ရေးသင်တန်းကျောင်း)နှင့် R.R.C FC အသင်းတို့ ယှဉ်ပြိုင်ကစားမှုအား ကြည့်ရှုအားပေးခဲ့ကြရာ R.R.C FC အသင်းက အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံ ကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ငွေကျပ် သိန်း (၃၀) အား ထောက်ပံ့ပေးအပ်ပြီး နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုရရှိသူများနှင့် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆုရရှိသည့် ဘောလုံးအသင်းများအား လီဆူတိုင်းရင်းသားရေးရာဝန်ကြီး၊ ရဝမ်တိုင်းရင်း သားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက တစ်ဦးချင်းလည်ဆွဲဆု၊ ဆုတံဆိပ်များ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။