မြစ််ကြီးနား ဇူလိုင် ၂
ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးသည် ပြည်နယ်ဥပဒေအရာရှိ၊ ဒုတိယပြည်နယ် ဥပဒေအရာရှိများနှင့်အတူ ဇူလိုင် ၂ ရက် နံနက်ပိုင်းကရှေ့ပြေးဥပဒေရုံးဖြစ်သည့် မြစ်ကြီးနားခရိုင်ဥပဒေရုံး သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ကချင်ပြည်နယ်ဥပဒေချုပ်က ရှေ့ပြေးဥပဒေရုံးဖြစ်သည့် မြစ်ကြီးနားခရိုင်ဥပဒေရုံး အခန်း များ ဖွဲ့စည်းထားရှိမှုနှင့် စပ်လျဉ်း၍ ရှေ့ပြေးဥပဒေရုံးများတွင် ရှိရမည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ လိုက်လံကြည့်ရှုစစ်ဆေးရာ မြစ်ကြီးနားခရိုင်ဥပဒေအရာရှိ ဒေါ်နန်စီဘောမ်မျော်က လိုက်လံ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဥပဒေအရာရှိ ဦးစန်းလွင်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ် ဥပဒေချုပ်က လိုအပ်သည်များကို လမ်းညွှန်ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။



