ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ယာယီတိမ်းရှောင်စခန်း များအတွင်းရှိ ဝါရှောင် LBC စခန်းရှိ အိမ်ထောင်စုများနှင့် ဆုတောင်းပွဲသို့ တက်ရောက်၊ ဖားကန့်မြို့နယ်အတွင်းမှ အိမ်ထောင်စုများအား ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၄
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းတို့သည် ယနေ့ နံနက် ၁၁ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း(ပြည်နယ်လွှတ်တော်ရုံး)ဘေးရှိ ကချင်ပြည်နယ်အစိုးရ အဖွဲ့က မြို့နယ်အသီးသီးမှ ယာယီတိမ်းရှောင်မိသားစုအား နေရာချထားပေးသောစခန်းများအနက် ဝိုင်း မော်မြို့နယ် ဝါရှောင်ကျေးရွာ LBC ယာယီတိမ်း‌ရှောင် မိသားစုများ၏ ဆုတောင်းပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ အသင်းတော် သိက္ခာတော်ရဆရာနှင့် တာဝန်ရှိသူများ၊ အိမ်ထောင်စုများ၏ စုပေါင်း ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွင် ပါဝင်ခဲ့ကြပြီး ဆုတောင်းဆက်ကပ်ခြင်း၊ ဓမ္မတေးသီချင်းများ သီဆို ခြင်းနှင့် ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား စခန်းနေ အိမ်ထောင်စု (၃၀)ကျော်အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ထို့နောက် အဆိုပါရပ်ကွက်အတွင်း ယာယီနေထိုင်လျက်ရှိသော ဖားကန့်မြို့နယ် လဝါးကျေးရွာ အုပ်စုမှ ယာယီတိမ်းရှောင်လာသော အိမ်ထောင်စု (၉)စုအား သွားရောက်တွေ့ဆုံပြီး အိမ်ထောင်စုများ အတွက် ဆန်(၁၄)ပြည်ပါအိတ် (၉)အိတ်၊ ဆီ ၁ ပိဿာဆီနှင့် ငွေကျပ် ၉ သိန်းကို ထောက်ပံ့ပေးအပ်ကာ အိမ်ထောင်စုများ နေထိုင်မှု အဆင်ပြေစေရေးနှင့် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ အားပေး စကားများ ပြောကြားခဲ့ကြောင်း သိရသည်။